Connect with us

Science & Technology

မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ATR လေယာဉ် အကြီးစား ပြင်ဆင်မှု အလုပ်ရုံ တည်ထောင်ရန်စီစဉ်

မြန်မာအမျိုးသား လေကြောင်းလိုင်း(MNA) ပိုင် ATR လေယာဉ်တစ်စီး အားတွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) သည် ရန်ကုန်မြို့၌ ATR လေယာဉ် အကြီးစား ပြင်ဆင်မှု အလုပ်ရုံ တည်ထောင်ရန် စီစဉ်လျက်ရှိရာ အဆိုပါစက်ရုံ ဖွင့်လှစ်ပြီးပါက ပြည်တွင်း လေကြောင်းလိုင်း များမှ ATR လေယာဉ်များ၏ လုပ်ငန်းအပ်နှံမှု အပြင် ပြည်ပနိုင်ငံများမှ ATR လေယာဉ်များ၏ လုပ်ငန်းအပ်နှံမှုကိုပါ လက်ခံပြင်ဆင် ပေးသွားမည် ဖြစ်ကြောင်း ၎င်းလေကြောင်းလိုင်းမှ တာဝန်ရှိသူကပြောသည်။

လက်ရှိတွင် မြန်မာပြည်တွင်း လေကြောင်းလိုင်း များသည် ပြင်သစ်နိုင်ငံ ATR လေယာဉ် ထုတ်လုပ်ရေး စက်ရုံမှ ထုတ်လုပ်သည့် လေယာဉ်များကို အများဆုံး အသုံးပြု၍ ခရီးစဉ်များ ပျံသန်းလျက် ရှိကြောင်း၊ အဆိုပါ ATR လေယာဉ်များအား ပြင်ဆင်မှု ပြုလုပ်ရာတွင် ထိုင်း၊ မလေးရှားနှင့် စင်ကာပူ နိုင်ငံတို့ရှိ ATR လေယာဉ်ပြင်ဆင်မှု စက်ရုံများတွင် သွားရောက်ပြင်ဆင် နေရကြောင်း သိရသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်း သည် ပြင်သစ်နိုင်ငံ ATR လေယာဉ်ကုမ္ပဏီ နှင့် လေယာဉ် ဝယ်ယူရေး၊ အကြီးစား ပြင်ဆင်မှု အလုပ်ရုံ တည်ထောင်ရန် သဘောတူ စာချုပ်ကို ၂ဝ၁၄ ခုနှစ် ဇူလိုင် ၁၆ ရက်က မြန်မာ အမျိုးသား လေကြောင်းရုံးချုပ် ၌ လက်မှတ် ရေးထိုးခဲ့သည်။ ယင်း စာချုပ်အရ မြန်မာအမျိုးသား လေကြောင်းလိုင်း သည် ATR လေယာဉ်ကုမ္ပဏီမှ ATR 72-600 လေယာဉ် ခြောက်စင်း ဝယ်ယူခဲ့ကြောင်း သိရသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်းမှ ATR လေယာဉ်သစ်ဖြင့် ဗန်ကောက်မြို့သို့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂ဝ ရက်မှစ၍ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ နှင့် စနေနေ့ တို့တွင် တစ်ပတ်လျှင် လေးကြိမ် စတင်ပျံသန်းမည် ဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့လည်း ဖေဖော်ဝါရီ ၂၆ ရက်မှ စတင်ကာ တစ်ပတ်လျှင် နှစ်ကြိမ် တနင်္လာ နှင့် သောကြာနေ့ တို့တွင် ပျံသန်းသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာအမျိုးသား လေကြောင်းလိုင်းသည် ပြည်တွင်းရှိ လေဆိပ်ရှိသော မြို့ ၂၆ မြို့နှင့် ဟောင်ကောင်၊ စင်ကာပူနိုင်ငံ တို့သို့ ပုံမှန်ခရီးစဉ်များ ပျံသန်းပေးလျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.