Connect with us

Science & Technology

MPU-Union Pay,Co-Brand Debit Card အားအေဂျီဒီဘဏ်မှစတင်မိတ်ဆက်

AGD Bank ၏ MPU ကဒ်အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

ပြည်တွင်း၌ MPU ကဒ်၊ ပြည်ပ၌ Union Pay ကဒ်အဖြစ် သုံးစွဲနိုင်သော MPU-Union Pay, Co-Brand Debit Card ကဒ်အားမိတ်ဆက်ပွဲအခမ်းအနားကို Co-Brand Debit Card အား မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် AGD ဘဏ်မှ စတင်မိတ်ဆက်လိုက်သည်။

ဗဟိုဘဏ်မှ ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဝင်းသော်က “ကျွန်တော်တို့ ဗဟိုဘဏ် အနေနဲ့ ဘဏ်တွေရဲ့ ငွေရေးကြေးရေး အခန်းကဏ္ဍ နဲ့ ပက်သက်ပြီး ဖြေလျှော့မှုတွေ အများကြီးရှိခဲ့သလို နိုင်ငံတကာနဲ့ ဆက်ဆံနိုင်တဲ့ လုပ်ငန်းတွေ အပေါ်မှာလည်း ပံ့ပိုးမှုတွေ အများကြီးရှိခဲ့ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ဘဏ်တွေ အပေါ်မှာပဲ အခြေခံပါတယ်။ AGD ဘဏ်ရဲ့ အခုခြေလှမ်း က မြန်မာနိုင်ငံမှာ ပထမဆုံးစတင်တဲ့ ခြေလှမ်းဖြစ်တယ် ။ ဒီကတ်ရဲ့ အားသာချက် က ပြည်တွင်းမှာရော ပြည်ပမှာရောသုံးနိုင်တာပါ။’’ ဟုပြောသည်။

AGD Bank ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးထူးထက်တေဇ က “နည်းစနစ်သစ်ကို သုံးစွဲသူတွေ အဆင်ပြေဖို့ မိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။တစ်နေ့ထက် တစ်နေ့ သုံးစွဲသူတွေ အတွက် အခွင့် အလမ်းတွေ ပိုမိုဖန်တီးပေးနိုင်အောင်ဆောင်ရွက် ပေးမှာဖြစ်ပါတယ် MPU ကတ်ကို နိုင်ငံတကာ နဲ့ ရင်ဘောင်တန်းပြီး သုံးနိုင်အောင် ကျွန်တော်တို့ အနေနဲ့ ဆောင်ရွက်သွားမှာပါ’’ ဟုပြောသည်။

ပြည်တွင်း၌ MPU ကဒ်၊ ပြည်ပ၌ Union Pay ကဒ်အဖြစ် သုံးစွဲနိုင်သော MPU-Union Pay, Co-Brand Debit Card ကဒ်အားမိတ်ဆက်ပွဲ အခမ်းအနားမြင်ကွင်း (ဆင်ဟွာ)

ပြည်တွင်း၌ MPU ကဒ်၊ ပြည်ပ၌ Union Pay ကဒ်အဖြစ် သုံးစွဲနိုင်သော MPU-Union Pay, Co-Brand Debit Card ကဒ်အားမိတ်ဆက်ပွဲအခမ်းအနား၌ AGD Bank ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးထူးထက်တေဇက ရှင်းလင်းပြောကြားနေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ၂၀၁၃ ခုနှစ်တွင် ဗဟိုဘဏ်ဥပဒေအရ သီးခြားအဖွဲ့အစည်း တစ်ခုအဖြစ် ရပ်တည်ခဲ့သည်။ ၎င်းမတိုင်ခင်တွင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ ကို ပြဌာန်းခဲ့ကြောင်း သိရသည်။

AGD UnionPay-MPU Co-brand Debit Card သည် Chip Card အမျိုးအစားဖြစ်ပြီး ပြည်တွင်း၌ MPU ကတ်အဖြစ်သုံးစွဲနိုင်ပြီး၊ ပြည်ပ၌ UnionPay ကတ်အဖြစ်သုံးစွဲနိုင်မည့် နှစ်မျိုးသုံး Co-brand Debit Card အမျိုးအစားဖြစ်ပါသည်။ AGD UnionPay-MPU Co-Brand Debit Card ဖြင့် ATM စက်များတွင် ငွေသားထုတ်ယူနိုင်ခြင်း ၊ POS စက်တပ်ဆင်ထားသော Merchant များတွင်ဈေးဝယ်ခြင်း၊ Online မှ ငွေပေးချေခြင်းများကို ပြည်တွင်းရော၊ ပြည်ပတွင်ပါ လွယ်ကူစွာ လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။
AGD Union Pay-MPU Co-Brand Debit Card သည် ပြည်တွင်း၌ MPU ကတ် / ပြည်ပ၌ Union Pay ကတ်အဖြစ် သုံးစွဲနိုင်ခြင်း၊ ငွေသားကိုင်ဆောင်ရန်မလိုဘဲ ငွေပေးချေနိုင်ခြင်း၊ ငွေသားထုတ်ယူနိုင်ခြင်း၊ ကမ္ဘာတစ်ဝန်း ရှိ Union Pay ကတ်ဖြင့် ငွေပေးချေနိုင်သော ဈေးဝယ်စင်တာကြီးများ၊ ဆိုင်ကြီးများ၊ စားသောက်ဆိုင်ကြီးများ နှင့် ဟိုတယ်များတွင် Union Pay မှ သတ်မှတ်ထားသော Discount (လျှော့ဈေး) များခံစားနိုင်ခြင်း၊ အွန်လိုင်း မှတဆင့် Hotel booking ပြုလုပ်ခြင်း၊လေယာဉ်လက်မှတ် ဝယ်ယူခြင်း၊ စာမေးပွဲကြေး၊ သင်တန်းကြေးများပေးသွင်းနိုင်ခြင်း၊ – Mobile Application(Virtual Card) မှတဆင့် မိမိကတ်လုံခြုံရေးကို မိမိကိုယ်တိုင် ဆောင်ရွက်နိုင်ခြင်း များရှိမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကဒ်အားလျှောက်ထားမည်ဆိုပါက နိုင်ငံသားမှတ်ပုံတင်၊ နိုင်ငံကူးလက်မှတ် ၊ ကတ်ဖိုး ၅,၀၀၀ ကျပ်၊ မိမိပေးသွင်းလိုသော ကနဦးပေးသွင်းငွေ ပမာဏ နှင့် အီးမေးလ်လိပ်စာတို့ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.