Connect with us

Science & Technology

အမေရိကန် ဒေါ်လာသန်း ၁၅ဝ ကုန်ကျခံ၍ TRITONE 8 MILE JUNCTION Condo စီမံကိန်းအား စတင်

TRITONE 8 MILE JUNCTION Condo စီမံကိန်း ပုံစံငယ်အား တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း မြို့နယ် ပြည်လမ်းပေါ်ရှိ ၈ မိုင်လမ်းဆုံ အနီး၌ အဆင့်မြင့် Multi complex Project ဖြစ်သော TRITONE 8 MILE JUNCTION Condo စီမံကိန်းအား အမေရိကန် ဒေါ်လာသန်း ၁၅ဝ ကုန်ကျခံကာ စတင် ဆောက်လုပ်နေပြီ ဖြစ်ပြီး၊ ၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်း၌ အပြီးသတ် ဆောက်လုပ် သွားမည်ဟု ၎င်းစီမံကိန်းအား တာဝန်ယူ တည်ဆောက်နေသည့် Living Square Hanwha ကုမ္ပဏီမှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ TRITONE အဆင့်မြင့် ကွန်ဒို စီမံကိန်းအား အကျယ်အဝန်းမြေ ၂ ဧကပေါ်၌ ဆောက်လုပ်နေခြင်း ဖြစ်ပြီး စီမံကိန်း တစ်ခုလုံး၌ အခန်းပေါင်း ၄၂၄ ခန်း ပါဝင်မည် ဖြစ်ကာ တာဝါသုံးလုံး ခွဲခြားထားပြီး အောက်ခံ Podium ခြောက်ထပ်ပေါ်၌ ဆောက်လုပ်မည် ဖြစ်ကြောင်း၊ ကွန်ဒို စီမံကိန်း၌ Basement ၁ မှ ၅ ထိ ယာဉ်အစီးရေ ၇၇၄ စီး ရပ်နားနိုင်သော ကားပါကင် ထည့်သွင်း ဆောက်လုပ်သွားမည် ဖြစ်သည်။ ပထမအလွှာမှ ၅ လွှာ အထိကို ရှော့ပင်းစင်တာကြီး တစ်ခု အဖြစ် Luxury Shopping Complex နှင့်အတူ ခြောက်လွှာ၌ ရေကူးကန်များ၊ အားကစား လေ့ကျင့်ခန်းများ၊ Gym room၊ GX Room၊ Saunna နှင့် အခန်းအတွင်း ဂေါက်သီးရိုက်ဆော့ ကစားနိုင်သည့် Indoor Golf Range အစရှိသည်တို့ကို ထည့်သွင်း ဆောက်လုပ်သွားမည်ကြောင်း၊ ခုနစ် လွှာမှ စတင်၍ အပေါ်ဆုံး အထပ်မြင့်အထိ ကားအခန်းများနှင့် လူနေအိမ်ခန်းများ ထည့်သွင်း ဆောက်လုပ်မည် ဖြစ်ကြောင်းဆိုသည်။

အဆိုပါ TRITONE အဆင့်မြင့် ကွန်ဒို စီမံကိန်း၌ နိုင်ငံတကာ အဆင့်မီ ဓာတ်လှေကား ၂၃ စင်းထည့်သွင်း ဆောက်လုပ်သွားမည် ဖြစ်ကြောင်း၊ အခန်းများ၏ ဖွဲ့စည်းပုံအရ စတုရန်းပေ ၁,၇ဝဝ မှ ၂,၃ဝဝ ကြားထိ ထည့်သွင်း ဆောက်လုပ်သွားမည် ဖြစ်သည်။ တာဝါ A ၌ အထပ်မြင့် ၂၂ ထပ်၊ တာဝါ B နှင့် တာဝါ C ၌ အထပ်မြင့် ၃ဝ ထပ်စီ ထည့်သွင်း ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.