Connect with us

Social

စည်ပင်သာယာတွင် တာဝန်ထမ်းဆောင်နေသည့် လုပ်ငန်းပြတ် အလုပ်သမားများ၏ ဆုံးရှုံးမှုများ အတွက် လျော်ကြေးထောက်ပံ့နိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း ရန်ကုန်မြို့တော်ဝန်ပြောကြား

ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးအားတွေ့ရစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတွင် တာဝန်ထမ်းဆောင်နေသည့် လုပ်ငန်းပြတ် အလုပ်သမားများ၏ လုပ်ငန်းချိန်အတွင်းတွင် ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်း၊ နာတာရှည် ရောဂါစွဲကပ်ခြင်းနှင့် အလုပ်လုပ်နိုင်သော အင်အားများ ဆုံးရှုံးခြင်းများအတွက် လျော်ကြေးပေးအပ် ထောက်ပံ့နိုင်ရန် မူဝါဒတစ်ရပ်အား ၁၆-၃-၂၀၁၅ ရက်နေ့မှ စတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

တာမွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ရန်ကုန်တိုင်း အတွင်းရှိ အခြေခံဝန်ထမ်းများသည် လုပ်ငန်းခွင်တွင် အလုပ်လုပ်ရင်း ထိခိုက်ဒဏ်ရာကြောင့် အသက်ဆုံးရှုံးသောအခါ ကရုဏာကြေးသာရပြီး နစ်နာကြေးမရသဖြင့် နစ်နာကြေးပေးရန် အစီအစဉ်ရှိ၊မရှိကို သိရှိလိုပါကြောင်း ယနေ့ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် မေးမြန်းရာ ရန်ကုန်မြို့တော်ဝန်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒီလိုလုပ်ငန်းပြတ် အလုပ်သမားတွေရဲ့ တာဝန်ချိန်အတွင်းမှာ လုပ်ငန်းကို အကြောင်းပြုပြီး ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်း၊ နာတာရှည် ရောဂါစွဲကပ်ခြင်းနဲ့ အလုပ်လုပ်နိုင်တဲ့ အင်အားတွေ ဆုံးရှုံးခြင်းတို့အတွက် လျော်ကြေးပေးအပ် ထောက်ပံ့နိုင်ဖို့ မူဝါဒတစ်ရပ်ကို ၁၆-၃-၂၀၁၅ ရက်နေ့က စပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီ့မူဝါဒအရ လျော်ကြေး၊ ထောက်ပံ့ကြေး အလုပ်အမှုဆောင်အဖွဲ့ဟာ လုပ်ငန်းပြတ် အလုပ်သမားတွေ တာဝန်ထမ်းဆောင်ချိန်မှာ ထိခိုက်မှုနဲ့ ပတ်သက်လို့ အကျိုးခံစားခွင့် ပြုတဲ့ကာလနဲ့ ပေးရမယ့်ငွေကြေးကို တွက်ချက်နိုင်ဖို့အတွက် လုပ်ငန်းပြတ် အလုပ်သမားတွေဟာ ကိုယ့်လုပ်ငန်းတွေမှာ ထိခိုက်ဒဏ်ရာမရမှီ အနည်းဆုံး(၃)လ တာဝန်ထမ်းဆောင်ပြီးသူ ဖြစ်ရပါမယ်။” ဟု ဝန်ကြီးက ပြောသည်။

အဆိုပါ လုပ်ငန်းပြတ် အလုပ်သမားများ၏ မူဝါဒပါအချက်များအရ ယာယီမသန်စွမ်းမှုနှင့် သက်ဆိုင်သော လျော်ကြေး အကျိုးခံစားခွင့်အတွက် လုပ်ငန်းတွင် ထိခိုက်မှုမဖြစ်မီပျှမ်းမျှလုပ်ခ၏ (၅၀)ရာခိုင်နှုန်းအား အလုပ်မလုပ်နိုင်သည့် နေ့မှ (၆)လအထိ ခံစားခွင့် ပေးထားပြီးဖြစ်ကြောင်း၊ အမြဲတမ်း မသန်စွမ်းမှုနှင့် သက်ဆိုင်သော လျော်ကြေးခံစားခွင့်အတွက် ဆေးလက်မှတ်၊ သက်သေခံများ အထောက်အထားအရ အလုပ်တွင် ထိခိုက်မှုမဖြစ်မီ (၃)လအတွင်းမှ ပျှမ်းမျှလုပ်ခ (၁)လစာ၏ (၅၀)ရာခိုင်နှုန်းအား စုစုပေါင်း(၁၂)အတွက် ရထိုက်ခွင့်ရှိသော ငွေကြေးများကို တစ်လုံးတစ်ခဲထဲ ခံစားခွင့်ပြုထားပြီး ဖြစ်ကြောင်း၊ အလုပ်တွင် ထိခိုက်မှုများကြောင့် အလုပ်သမား သေဆုံးသည့်အခါတွင် မသေဆုံးမီ(၃)လအတွင်း ရရှိသောပျှမ်းမျှ(၁)လစာ၏ အဆ(၂၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ (၃)လအောက် လုပ်ငန်းပြတ် အလုပ်သမားများအား ဂရုဏာကြေးများကို သတ်မှတ်တွက်ချက် ပေးကြောင်းနှင့် လုပ်ငန်းကြောင့် နာတာရှည် ရောဂါစွဲကပ်လာပါက အပိုဒ်ခွဲ(ဂ)နှင့် (ဃ)တို့တွင် ဖော်ပြထားသည့် အမြဲတမ်း မသန်စွမ်းသော အကျိုးခံစားခွင့် နည်းလမ်းအတိုင်း ပေးအပ်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.