Connect with us

Social

ဆလုံ တိုင်းရင်းသား ဦးရေသည် လက်ရှိတွင် ၁,၈ဝဝ ကျော်သာ ကျန်ရှိဟုဆို

မိတ်ကျွန်းစုတွင် နေထိုင်သည့် ဆလုံတိုင်းရင်းသားများ အားတွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ)

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ကျွန်းစု အတွင်း နေထိုင်ကြသည့် ဆလုံ တိုင်းရင်းသား ဦးရေသည် လက်ရှိတွင် ၁,၈ဝဝ ကျော်သာ ကျန်ရှိတော့ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ ထံမှသိရသည်။

၁၉၇၆ ခုနှစ် သန်းခေါင် စာရင်းအရ မြိတ်ကျွန်းစု၌ ဆလုံ တိုင်းရင်းသား ဦးရေ ၆,ဝဝဝ ကျော်၊ ၂ဝဝ၁ ခုနှစ်တွင် ကျွန်းပေါ်နေ ဆလုံ တိုင်းရင်းသား ဦးရေ ၂,၂၇၄ ဦးနှင့် ပင်လယ်ပြင်နေ ဆလုံ တိုင်းရင်းသား ဦးရေ ၁,၂၇၆ ဦးရှိပြီး ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၉ ရက် တိုင်းဒေသကြီး လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေးတွင် တင်သွင်းသည့် အဆိုအရ ဆလုံ တိုင်းရင်းသား ဦးရေ ၃,၄၃၈ ဦးရှိပြီး ယခု နောက်ဆုံး ကောက်ယူသည့် စာရင်းအရ ဆလုံ တိုင်းရင်းသား ဦးရေ ၁,၈ဝဝ ကျော်သာ ကျန်ရှိ တော့ကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။

ဆလုံ တိုင်းရင်းသား လူမျိုးတို့သည် နေရာ အတိအကျ မရှိခြင်း၊ ပင်လယ်ပြင် တစ်ခွင် လှည့်လည် ကျက်စားနေခြင်း၊ ရေကူး၊ ရေငုပ် ကျွမ်းကျင်ကြခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး တို့ဖြင့် အသက်မွေးခြင်း မရှိဘဲ ရေလုပ်ငန်း၊ ပုလဲငုပ် လုပ်ငန်းတို့ဖြင့် အသက်မွေးခြင်း တို့ကြောင့် ပြည်တွင်း ပြည်ပခရီး သွားများ စိတ်ဝင်စား ကြသည့် လူမျိုးစုတစ်စု ဖြစ်သည်။

ဆလုံ တိုင်းရင်းသားများကို မြိတ်ကျွန်းစု အတွင်းရှိ ဒုံးပုလဲအော်၊ ဒုံညောင်းမှိုင်း၊ လငန်း၊ ဂျလန်း၊ မကျုံဂလက်၊ ဇာဒက်ကြီးကျွန်း၊ ညောင်ဝီး နှင့် တခြားကျွန်းစုငယ် များ၌သာ တွေ့နိုင်ကြောင်း မြဝတီ သတင်းတွေပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.