Connect with us

Social

ပိုးလမ်းမနိုင်ငံများဆိုင်ရာ ကမ္ဘာ့လူငယ် ဓါတ်ပုံပြိုင်ပွဲ တွင် မြန်မာနိုင်ငံ က ရွှေတံဆိပ်ဆုရရှိ

ပိုးလမ်းမနိုင်ငံများဆိုင်ရာ ကမ္ဘာ့လူငယ် ဓါတ်ပုံပြိုင်ပွဲ တွင်ဆုရရှိခဲ့သောကလေးငယ်များအားတွေ့ရစဉ် (ဓါတ်ပုံ MOI)

ရန်ကုန် ၊ဒီဇင်ဘာ ၂၃ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၏ ပိုးလမ်းမနိုင်ငံများဆိုင်ရာဓါတ်ပုံအဖွဲ့အစည်းက ဦးစီးကျင်းပသော ကမ္ဘာ့လူငယ်ဓါတ်ပုံပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကလေးငယ်များကို ဒီဇင်ဘာလ ၂၂ရက် က ရန်ကုန်မြို့၊ပုဇွန်တောင်မြို့နယ် ၊Nikon Myanmar တွင် ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြောင်းသိရသည်။

၎င်းပြိုင်ပွဲကို မြန်မာနိုင်မှကလေးငယ်များက “Home” ဟူသော ခေါင်စဉ်ဖြင့်ယှဉ်ပြိုင်ခဲ့ရာ ယူနက်စကိုစာရင်းဝင် ပုဂံဒေသရှိ ရှေးဟောင်းဘုရားအတွင်း ကိုရင်နှစ်ပါးစာဝါလိုက်နေသော ပုံဖြင့် ရွှေတံဆိပ်ဆုအပါအဝင်အခြားဆုတံဆိပ်များအသီးသီးဆွတ်ခူးရရှိ ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရသိရသည်။ ၎င်းပြိုင်ပွဲကို နိုင်ငံပေါင်း ၆၅နိုင်ငံမှကလေးငယ် နှင့် လူငယ်များအပါဝင်စုစုပေါင်း  ပြိုင်ပွဲဝင် ၉၀,၀၀ကျော်ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၎င်းတို့၏ ဓါတ်ပုံ တစ်သိန်းကျော်ကို ပါဝင် ပြသခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ကလေးငယ် လေးဦးပါဝင်ယှဉ်ပြိုင်ခဲ့ရာတွင် မောင်အောင်ခန့်ကျော်(၁၂)နှစ် က ရွှေတံဆိပ်ဆုနှင့်အထူးဆုနှစ်ဆု ၊မောင်အောင်ခန့်စဉ်(၁၂)နှစ် ၊မောင်ထက်ခိုင်(၁၃)နှစ် နှင့် မောင်မင်းပြည့်စုံခန့် (၁၃)နှစ်တို့က တတိယဆု နှင့်အထူးဆုနှစ်ဆုတို့အသီးသီးရရှိခဲ့ကြောင်းသိရသည်။ကမ္ဘာ့လူငယ် ဓာတ်ပုံပွဲတော်ကို ပိုးလမ်းမ နိုင်ငံများဆိုင်ရာ ဓာတ်ပုံအဖွဲ့အစည်းမှ နှစ်စဉ်ကျင်းပေးလျက်ရှိရာ ဆုရရှိသော နိုင်ငံများမှ ကလေးငယ်များအား Silk youth International Photography Competition ပထမဆု ရွှေနှင့် တတိယဆုအတွက် Round award ဆုတို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ချီးမြှင့်ပေးအပ်ခြင်းဖြစ်ကြောင်းသိရသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.