Connect with us

Social

ကျိုက်ထီးရိုးစေတီတော် ကောင်းကင်ကေဘယ်လ် ကားပြေးဆွဲရေး စီမံကိန်းကို အမေရိကန် ဒေါ်လာ သန်း၂၀ သုံးစွဲမည်

သမိုင်းဝင်ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်အား တွေ့မြင်ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ရသေ့တောင်စခန်းမှ ကျိုက်ထီးရိုး ရင်ပြင်အနီးအထိ ကောင်းကင်ကေဘယ်လ် ကားပြေးဆွဲရေးစီမံကိန်းကို အမေရိကန်ဒေါ်လာသန်း ၂၀ သုံးစွဲတည်ဆောက်နေပြီဖြစ်ကြောင်း ကေဘယ်လ်ကား ပြေးဆွဲရေးလုပ်ငန်း အထူးအကြံပေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ ကောင်းကင်ကေဘယ်လ်ကား ပြေးဆွဲရေးစီမံကိန်းကို ကိုးရီးယားနိုင်ငံ Asia Co.,Ltdမှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် တည်ဆောက်နေပြီဖြစ်ပြီး ကျိုက်ထီးရိုး တောရိုင်းဘေးမဲ့တောနယ်မြေအတွင်းရှိ မြေဧရိယာ ၁၃ ဒသမ ၅ ဧကကို နှစ် ၇၀ ငှားရမ်းအသုံးပြုခွင့်ပေးထားပြီးလုပ်သားအင်အား ၆၀၀ ကျော်ဖြင့် ဆောင်ရွက်နေပြီဖြစ်သည်။

ယင်း ကျိုက်ထီးရိုးစေတီတော်သို့ ပြေးဆွဲမည့်ကောင်းကင်ကေဘယ်လ်ကားအတွဲ ၄၄ တွဲရှိမည်ဖြစ်ပြီး တစ်တွဲကို အရန်ထားရှိကာ တစ်တွဲလျှင်လူရှစ်ဦး လိုက်ပါစီးနင်းနိုင်ကြောင်း၊ တည်ဆောက်မှုကို ၂၀၁၇ ခုနှစ် မတ်လတွင် အပြီးသတ်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.