Connect with us

Social

ကျိုက်ထီးရိုး စေတီတော်၏ အခြားတစ်ဖက်လမ်းတွင် ကေဘယ်ကား တပ်ဆင်ရေးလုပ်ငန်း စီမံကိန်းအား အဆိုပြုထား

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် အဝင်ဝ မုဒ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

ကျိုက်ထီး ရိုးစေတီတော် ၏ အခြားတစ်ဖက်လမ်းတွင် ကေဘယ်ကား တပ်ဆင်ရေးလုပ်ငန်း စီမံကိန်း အား ပြည်နယ် အစိုးရအဖွဲ့ရုံးထံ အဆိုပြု တင်ပြထားကြောင်းသိရသည်။

ထိုစီမံကိန်း တစ်ခုလုံးကို ၂ဝ၁၉ ခုနှစ်တွင် ပြီးစီးရန် လျာထားကြောင်း ပြည်တွင်း ပြည်ပ ဘုရားဖူးပြည်သူများ အဆင် ပြေစေရေးအတွက် Kyaiktiyo Great Green Co.,Ltd သည် ကျိုက်ထီး ရိုးစေတီတော်၏ အခြားတစ်ဖက်လမ်းတွင် ကေဘယ်ကားများထပ်မံဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။

ယခု ပြေးဆွဲမည့်လမ်းကြောင်းသည် ကျိုက်ထီးရိုးလမ်းခွဲမှ မဲယွန်းကြီး၊ ကဒိုင်ဒွတ်၊ မိုးဘောနယ်ရှင်၊ ကျောက် ဖျာ၊ခေါင်းဆေးကန်လမ်းဖြစ်ပြီး main station မှ စေတီတော်အနီး မုဆိုးတောင် Return station ထိ ၂၃၉၆ မီတာ အကွာအဝေးရှိပြီး ကျိုက်ထီးရိုး လမ်းခွဲမှ main station ထိ ၁၃ မိုင် ကားလမ်းကို လေးလမ်းသွားအဖြစ်တိုးချဲ့သွားမည်ဖြစ်ကြောင်း၊ လမ်း၌ရှိ သည့် တံတား ၁၂ စင်းကို အသစ် ပြန်လည်ပြုပြင်သွားကာ ကေဘယ် ကား လမ်း အသစ်ဖောက်လုပ်လိုက် ခြင်းဖြင့် ပြည်တွင်း ပြည်ပ ဘုရားဖူး များ အတွက် ပိုမိုအဆင်ပြေလာမည် ဖြစ်ပြီး ခရီးသွားလုပ်ငန်းလည်း ပိုမို တိုးတက်လာကာ ဒေသခံများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာ မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရသိရသည်။

ထို့ပြင် ကေဘယ်ကား ပြေးဆွဲရေးလုပ်ငန်းတွင် တစ်စီးလျှင် ၁ဝ ဦး လိုက်ပါနိုင်သော ကေဘယ်ကား အစီး ၈ဝ ပါရှိ မည်ဖြစ်ပြီး Return Station မှ ဘုရားဆင်းထိ မီတာ ၄ဝဝ လျှောက်လမ်း ပါဝင်မည်ဖြစ် ကြောင်း၊main Station နေရာတွင် ကားပါကင် အခမဲ့ တည်းခိုဆောင် များနှင့် အဆင့်မြင့် အိမ်သာများ ပါဝင်မည် ဖြစ်ကြောင်း၊ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.