Connect with us

Social

ပြည်တွင်း လူကုန်ကူးမှုများကိုလည်း အလေးပေး ဖြေရှင်း ဆောင်ရွက်ရန် ဝန်ကြီး တိုက်တွန်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ၀င်းမြတ်အေး အဖွင့် အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

ယခင်လများ၌ပြည်ပနိုင်ငံများမှ လူကုန်ကူးခံရသူများကိုသာ ပြန်လည် လက်ခံခဲ့ရသော်လည်း လက်ရှိအခြေအနေတွင် ပြည်တွင်း၌လည်း လူကုန်ကူးခံရခြင်းများ ပေါ်ပေါက်နေသဖြင့် ပြည်တွင်း လူကုန်ကူးမှုများကိုလည်း အလေးပေး ဖြေရှင်း ဆောင်ရွက်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ယနေ့ ပြောကြားခဲ့သည်။

“လက်ရှိအခြေအနေမှာ ပြည်တွင်းမှလည်း အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများကို လိင်ပိုင်းဆိုင်ရာ လုပ်ငန်းခွင်များနှင့် ရေလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရန်အတွက် လူကုန်ကူးခံရခြင်းများ ကြုံတွေ့ နေရပါတယ်၊ ဒါကြောင့် ပြည်တွင်း လူကုန်ကူးမှုများကိုလည်း အလေးပေး ဖြေရှင်း ဆောင်ရွက်ရန် လိုအပ်ပါ တယ်” ဟု ၎င်းက ပြောခဲ့သည်။

မိမိတို့ဝန်ကြီးဌာန အနေဖြင့် ပြန်လည်ထူထောင်ရေး ဦးစီးဌာနကို ၂၀၁၈ ဇန်နဝါရီ ၃၀ ရက်တွင် အသစ် ပြန်လည်ဖွဲ့စည်းထားခဲ့ကြောင်း၊ အခြေခံ လူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်သော လူ ဂုဏ်သိက္ခာအပြည့်အ၀ ရရှိနိုင်မည့် လူမှု အသိုက်အဝန်း တစ်ရပ် ပေါ်ပေါက်လာ စေရန် အထောက်အကူ ဖြစ်စေရေး၊ အားလုံး အကျုံးဝင်ပြီး ရေရှည်တည်တံ့မှုရှိသည့် လူမှုကာကွယ် စောင့်ရှောက်ရေး နည်းလမ်းများဖြင့်ပြည်သူလူထု လွတ်လပ် လုံခြုံစွာ ဖွံ့ဖြိုး တိုးတက်ရေး ဟူသည့် မူဝါဒနှင့် ဆောင်ရွက်လျက်ရှိရာ ၂၀၁၅ ခုနှစ်မှ ၂၀၁၈ မတ်လအထိ ထိုင်း၊ တရုတ်နှင့် အင်ဒိုနီးရှား နိုင်ငံတို့မှ လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား စုစုပေါင်း ၁၅၇၂ ဦးအား ပြန်လည် ခေါ်ယူနိုင်ခဲ့သည့် အပြင် လူကုန်ကူးခံရသူ ၅၈ ဦးတို့ကိုလည်း မိဘနေရပ်ထံပြန်လည် ပို့ဆောင် အပ်နှံနိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးကပြောခဲ့သည်။

Internatonal Organization for Migration မှ Chief of Mission Mr. Akio Nakayama အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

“ကျွန်တော်တို့ လုပ်ငန်းအဖွဲ့က လူကုန်ကူးခံရသူတွေကို ယာယီလက်ခံစောင့်ရှောက်ဖို့အတွက် မူဆယ်၊ မြဝတီ၊ ကော့သောင်းနဲ့ မန္တလေးမှ ယာယီ လက်ခံစောင့်ရှောက်ရေး ဂေဟာ လေးခု ဖွင့်ထားပါတယ်၊ လက်ခံ စောင့်ရှောက်စဉ် အခြေခံ လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း၊ Psycho social support ပေးခြင်း၊ Counselling ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ သတင်း အချက်အလက်များနှင့် ဝန်ဆောင်မှု ပေးခြင်းတို့ကို ဆောင်ရွက်နေပါတယ်” ဟု ရှင်းပြခဲ့သည်။

အဆိုပါ စံလုပ်ငန်း အစီအစဉ်များအား သက်ဆိုင်ရာ အဖွဲ့အစည်းများက ပူးပေါင်း ရေးဆွဲပြီး ဆက်လက်လုပ်ဆောင်ရမည်တို့ကို အစိုးရအဖွဲ့ထံ တင်ပြနိုင်မှ ဘတ်ဂျက်ရရှိမှာ ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများက တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးပါကြောင်း လည်း ၎င်းက ပြောခဲ့သည်။

အဆိုပါ ဆောင်ရွက်မှုများဆိုင်ရာ နိုင်ငံအဆင့် စံလုပ်ငန်း အစီအစဉ်နှင့် စပ်လျဉ်းပြီး အကြံဉာဏ် ရယူခြင်း အလုပ်ရုံ ဆွေးနွေးပွဲ (Consultation Workshop on National Standard Operating Procedures on Return and Reintegration of Trafficked Vitims)ကို နေပြည်တော် မင်္ဂလာ သီရိ ဟိုတယ်တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက် ရေး အသင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ UN, World Vision, Save The Children နှင့် နိုင်ငံ တကာ NGO များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ စံလုပ်ငန်း အစီအစဉ် ရေးသားရေး နည်းပညာလုပ်ငန်း အဖွဲ့ဝင်များ တက်ရာက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.