Connect with us

Social

ဆုငွေ သိန်း တစ်သောင်း ချီးမြှင့်မည့် ထီလက်မှတ်များ လာမည့်နှစ် မတ်လ တွင် ဖြန့်ဖြူး ရောင်းချ၍ ဧပြီလ ၁ ရက်တွင် ပထမအကြိမ် စတင် ဖွင့်လှစ်မည်

အစိုးရသစ်၏ ပထမ ရက် ၁၀၀ ကာလ အတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြုလုပ်စဉ် (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၁၉ ရက်(ဆင်ဟွာ)

အမြင့်ဆုံး ဆုငွေအဖြစ် ငွေကျပ် သိန်း တစ်သောင်း ချီးမြှင့်မည့် အောင်ဘာလေထီ ၅ဝဝ ကျပ်တန် ထီလက်မှတ် များအား ၂၀၁၇ ခုနှစ် မတ်လတွင် ဖြန့်ဖြူး ရောင်းချကာ ဧပြီလ ၁ ရက်တွင် ပထမအကြိမ် စတင် ဖွင့်လှစ်မည် ဖြစ်ကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ယနေ့သြဂုတ် ၁၉ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

ယခုအခါတွင် ၅၀၀ ကျပ်တန် အောင်ဘာလေ ထီထုတ်ေ၀ ရောင်းချရေး အတွက် ဆောင်ရွက်ရန် လုပ်ငန်းစဉ်များ ပြီးစီးပြီ ဖြစ်ကာ ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်တွင် စတင် ဖွင့်လှစ်သွားနိုင်ရေး အတွက် လုံခြုံရေး နှင့် ဆိုင်သော ပုံနှိပ် လုပ်ငန်းများ ညွှန်ကြားရေးမှူးရုံးသို့ထီလက်မှတ် အမှာစာ ပေးပို့ပြီး ဖြစ်ကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ၊ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။
ထို့ပြင် ဆုကြေး ထပ်မံ တိုးမြှင့် ချီးမြှင့်မည့် အောင်ဘာလေ ထီလက်မှတ်များကို ထုတ်ဝေသွားရန် အစီအစဉ်ရှိကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားခဲ့သည်။
ထို့အတူ ဆုမဲ အမျိုးအစား အားလုံးကို ရန်ကုန်မြို ့တွင် သာမက မန္တလေးမြို့၌လည်း ထုတ်ပေးနိုင်ရန် စီစဉ် ဆောင်ရွက် ထားရှိပြီး ကျပ် ၁၀ သိန်း နှင့် အောက် ထီဆုငွေများကို မြန်မာနိုင်ငံ အရပ်ရပ်ရှိ မြို့နယ် အခွန် ဦးစီးဌာနမှူးရုံးများတွင် ထုတ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။
ပြည်သူများ အနေဖြင့် ဆုကြေးငွေ ပိုမို ရရှိနိုင်ရေး ၊ လူမှု စီးပွားရေး ဘ၀ ပိုမို ဖွံ့ဖြိုး တိုးတက်စေရေး ၊ လူနေမှု အဆင့်အတန်း ပိုမို မြင့်မားစေရေး တို့အတွက် ရည်ရွယ်၍ ကျပ် ၅၀၀ တန် အောင်ဘာလေထီကို တိုးချဲ့ထုတ်ေ၀ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.