Connect with us

Social

ပြည်ပသို့တရားဝင် အလုပ် သွားရောက် လုပ်ကိုင်သူ ၁၄၀၀၀ ကျော် နှင့် ပြည်တွင်း အလုပ် နေရာ ၁၄၀၀၀ ကျော်အား ဇူလိုင်လ အတွင်း ရှာဖွေ ပေးနိုင်

အထည်ချုပ် လုပ်ငန်းခွင် တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ)

ပြည်ပနိုင်ငံ ၇ နိုင်ငံ သို့တရားဝင် အလုပ် သွားရောက် လုပ်ကိုင်သူ ၁၄,၂၄၄ ဦးနှင့် ပြည်တွင်း အလုပ် နေရာ အတွက် ၁၄,၇၂၀ ဦး အား ဇူလိုင်လ အတွင်း ရှာဖွေ ခန့်ထားနိုင်ခဲ့ကြောင်း အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ သြဂုတ် ၁၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံအလိုက် ပြည်ပ အလုပ်အကိုင် ရရှိမှု အခြေအနေမှာ ဇူလိုင်လအတွင်း မလေးရှား နိုင်ငံ ၊ စင်္ကာပူ နိုင်ငံ ၊ ကိုရီးယား နိုင်ငံ ၊ ထိုင်းနိုင်ငံ ၊ ဂျပန် နိုင်ငံ ၊ ယူအေအီး နှင့် ကာတာ နိုင်ငံ များသို့၁၄,၂၄၄ ဦးရေ စေလွှတ်ခဲ့ကြောင်း သိရသည်။

ပြည်တွင်း အလုပ်အကိုင် ရရှိမှု အခြေအနေမှာ ဇူလိုင်လအတွင်း နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၁၅ ခုတွင် အလုပ် နေရာ ၁၄,၇၂၀ အား ခန့်ထားနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇွန်လအတွင်း ပြည်တွင်း အလုပ် နေရာ ၁၇,၉၀၁ နှင့် ပြည်ပ နိုင်ငံ ၇ နိုင်ငံသို့အလုပ်သမား ၁၄,၈၃၄ ဦး စေလွှတ်နိုင်ခဲ့ကြောင်း သိရသည်။

နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး နှင့် အလုပ် လုပ်ကိုင်နိုင်သူ တစ်ဦးချင်း ဝင်ငွေ တိုးပွားစေရေး အတွက် ရည်ရွယ်၍ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ရရှိစေရေး အတွက် ပြည်ပသို့တရားဝင် စေလွှတ်ခြင်း နှင့် ပြည်တွင်း အလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။(Xinhua)