Connect with us

Social

တိုင်းဒေသကြီးနှင့် ပြည်နယ် သမဝါယမ အသင်းချုပ်များကို ချေးငွေကျပ် ၅ဝဝ ဘီလီယံကျော် ထုတ်ချေးမည်

ရန်ကုန်တိုင်း ဒေသကြီးတွင် ကျင်းပခဲ့သော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက်လာသော သမဝါယမ အသင်းသူ/အသင်းသားများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့၌ တိုင်းဒေသကြီးနှင့် ပြည်နယ် သမဝါယမ အသင်းချုပ်များကို ချေးငွေကျပ် ၅ဝဝ ဘီလီယံကျော် ထုတ်ချေးမည် ဖြစ်ကြောင်း သမဝါယမ ဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောကြားသည်။

ဇူလိုင်လ ၄ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုသော အားဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသထွက်ကုန်များနှင့် သမဝါယမ အသင်းများမှ ထုတ်လုပ်သည့် ထုတ်ကုန်များကို ပြခန်း ၄၈ ခန်းဖြင့် ဇူလိုင်လ ၂ ရက်မှ စတင်၍ နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ခင်းကျင်း ပြသသွားမည် ဖြစ်ပြီး ဇူလိုင်လ ၄ ရက်တွင် သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် ဝန်ကြီးများက တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်သမ အသင်းချုပ်များ အား ချေးငွေ ငွေကျပ် ၅ဝဝ ဘီလီယံကျော်ကို ထုတ်ချေးမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.