Connect with us

Social

တောင်ဒဂုံမြို့နယ် ငမိုးရိပ်ချောင်းအခြေပြု ရေပေါ်ကမ်းနားအဆင့်မြင့်ညဈေး အကောင်အထည်ဖော်ဆောင်ရွက်ရန်ရှိကြောင်းဆို

ငမိုးရိပ်ချောင်းအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် ငမိုးရိပ်ချောင်းအခြေပြု ရေပေါ်ကမ်းနားအဆင့်မြင့်ညဈေး အကောင်အထည်ဖော်ဆောင်ရွက်ရန် COVID-19 ရောဂါကာကွယ်ရေးကာကွယ်ထိန်းချုပ်ရေးကာလအလွန် (သို့မဟုတ်) COVID-19 ကာလ အဆင်ပြေမည့် အခြေအနေတစ်ခုတွင် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ဆင်ဟွာသို့ နိုဝင်ဘာ ၁၃ ရက်တွင်ပြောသည်။

“COVID-19 ကာလဖြစ်နေလို့ လက်ရှိမှာတော့ ကွင်းဆင်းစစ်ဆေးတာတွေ မလုပ်နိုင်သေးဘူး။ ကျွန်တော်အနေနဲ့တော့ အမြန်ဆုံးစစေချင်မိပါပြီ။ လွှတ်တော်ကနေ မြို့တော်ဝန်ဆီကို ဒီစီမံကိန်းနဲ့ ပတ်သက်ပြီးကြည့်ရှုစစ်ဆေးပေးဖို့ ချထားပြီးသားပါ။ အခုက COVID-19 ရောဂါကြောင့်ပါ။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

အဆိုပါညဈေးတန်းသည် တောင်ဒဂုံမြို့နယ်၊ အမှတ် (၂၆)ရပ်ကွက် မြယမုံအိမ်ရာအနီး ကွန်ကရစ်ပတ်လမ်းနှင့် ငမိုးရိပ်ချောင်းကြား မြေထိန်းနံရံများတည်ဆောက်၍ အကောင်အထည်ဖော်မည့် ရေပေါ်ညဈေးတန်းဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ ခွင့်ပြုပြီးဖြစ်ကြောင်း ဆိုသည်။

COVID-19 ရောဂါပြီးသည့်အချိန် သို့မဟုတ် COVID-19 ကာလ ကွင်းဆင်းလို့ရသည့် အခြေအနေမျိုးတစ်ခုဖြစ်ပေါ်လာပါက ဈေးများဌာန၊ဈေးစီမံတို့ မှ ငမိုးရိပ်ချောင်းကမ်းနားဧရိယာတွင် မြေတိုင်းထွာမှုများအားကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.