Connect with us

Social

ထိုင်းအလှကုန်သုံးမျိုးနှင့် ကိုရီးယားအလှကုန်တစ်မျိုး သုံးစွဲရန်မသင့်ဟု ထုတ်ပြန်

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်သော သုံးစွဲရန်မသင့်အလှကုန်စာရင်းများ အားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံမှ ထုတ်လုပ်သော အလှကုန်အမှတ်တံဆိပ် သုံးမျိုးနှင့် ကိုရီးယားအလှကုန် တစ်မျိုး တို့သည် သုံးစွဲရန် မသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်လိုက်သည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ပြည်တွင်း၌ရောင်းချနေသည့် အလှကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံထုတ် Whit-MePlacenta Cream(Night Cream)Collagen Plus၊ KRK Beautiful Kitနှင့် Yanhee Skin၊ ကိုရီးယားနိုင်ငံထုတ် Snall Gift set premiumiအလှကုန်များတွင် ကျန်းမာရေး အတွက် ဘေး အန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သုံးစွဲရန်မသင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အလှကုန်ပစ္စည်းများကို အများပြည်သူလူထု သုံးစွဲခြင်းမပြုကြ ရန်နှင့် ပြည် တွင်းဈေးကွက်တွင် တင်သွင်း၊ ဖြန့်ဖြူးရောင်းချနေ မှုများ ကို တွေ့ရှိ ပါက သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်း က ပြည်သူ့ ကျန်းမာ ရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ)အရ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.