Connect with us

Social

လမ်းပေါ် နေကလေးများ စာရင်းကို မြို့နယ်လေးမြို့နယ်၌ ကောက်ယူမည်

လမ်းပေါ်နေ ကလေးတချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လှိုင်သာယာ၊ ဒလ၊ ဒဂုံ(တောင်ပိုင်း)နှင့် ဒဂုံ (ဆိပ်ကမ်း) မြို့ နယ်တို့၌ လမ်းပေါ်နေ ကလေးများ စာရင်းကို စစ်တမ်း ကောက်ယူ သွားမည်ဖြစ်ပြီး လမ်းပေါ် နေကလေးများ၏ စိတ်ပိုင်း ဆိုင်ရာ မြှင့်တင်ပေးခြင်းနှင့် နှစ်သိမ့်ဆွေးနွေး ပညာ မျှဝေေ ပးခြင်း များ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နှစ်သိမ့် ဆွေးနွေး ပညာမျှဝေရေး စင်တာ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ မြို့နယ်လေးမြို့နယ်သည် လူဦးရေ ထူထပ်ခြင်းနှင့် မှုခင်းဖြစ်စဉ်များ ဖြစ်ပွားမှု များပြားခြင်း တို့ကြောင့် ဦးစားပေး လုပ်ဆောင် ရခြင်းဖြစ်ပြီး ယင်းမြို့နယ်များ၌ စင်တာခွဲများ တည်ထောင်ကာ ကလေးများအတွက် လူကုန်ကူး ခံရမှုမှ ကင်းလွတ်ရန်နှင့် ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် ပံ့ပိုးကူညီ ပေးရန် လိုအပ်ကြောင်း သိရသည်။နှစ် သိမ့်ဆွေးနွေး ပညာမျှဝေရေး စင်တာ (Counselling) ကလုပ်ဆောင်မည့် ပထမ အဆင့် လုပ်ငန်းစဉ်အရ စိတ်ပိုင်းဆိုင်ရာ ဝေဒနာ တွေ့ကြုံ ခံစား နေရသူများကို အားပေး နှစ် သိမ့် ဆွေးနွေးမည့် လုပ်ငန်းစဉ်တွင် လမ်းပေါ်နေ ကလေးများအရေးကို ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်တမ်း ကောက်ယူပြီးပါက ရန်ကုန်တိုင်း ဒေသကြီး လူမှု ဝန်ထမ်း ဦးစီးဌာနနှင့် အရပ်ဘက် လူမှု အဖွဲ့အစည်းများ ပူးပေါင်း၍ လမ်းပေါ်နေ ကလေးများ လျော့ နည်းရေး အတွက် စီမံချက် ရေးဆွဲကာ လမ်းပေါ်နေ ကလေးများ၏ လိုအပ်ချက်၊ အသက်မွေးဝမ်းကျောင်း ပညာ ရပ်များနှင့် ပညာ သင်ကြားရေး တို့အပြင် ၎င်းတို့၏ မိသားစု ဝင်များ အတွက် ဝင်ငွေတိုး လုပ် ငန်းများ ပံ့ပိုးပေးခြင်း တို့ကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.