Connect with us

Social

အိမ်ခန်းပေါင်း ၁ သောင်းကျော်အား ယခုနှစ် အတွင်း အပြီး တည်ဆောက်၍ ပြည်သူလူထုထံ ရောင်းချ သွားမည်

ရန်ကုန်မြို့ ရှိ လူနေ တိုက်ခန်းများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၂၁ ရက်(ဆင်ဟွာ)

ရန်ကုန် ၊ မုံရွှာ ၊ မကွေး ၊ ပုသိမ် မြို့များတွင် အိမ်ခန်း စုစုပေါင်း ၁၀၁၃၂ ခန်းအား ယခု ၂၀၁၇ ခုနှစ် အတွင်း အပြီး တည်ဆောက်သွားပြီး ပြည်သူလူထုထံ ရောင်းချပေးသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က အစိုးရ၏ ပြည်သူ့အတွက် ပထမ တစ်နှစ်တာ ဆောင်ရွက်ချက်များအား ရှင်းလင်းမှုများ အရ သိရသည်။

အိမ်ခန်းပေါင်း ၁ သောင်းကျော်အား တန်ဖိုးနည်း ၊ တန်ဖိုးသင့် နှင့် Affordable Housing အိမ်ရာ စီမံကိန်းများ အနေဖြင့် ရန်ကုန်မြို့တွင် အိမ်ခန်း ၈၇၁၂ ခန်း ၊ မုံရွှာမြို့တွင် အိမ်ခန်း ၄၄၀ ၊ မကွေးမြို့တွင် အိမ်ခန်း ၃၀၄ ခန်း ၊ ပုသိမ်မြို့တွင် အိမ်ခန်း ၆၇၆ ခန်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အိမ်ခန်းများ ရောင်းချရာတွင် ဝင်ငွေနည်း ပြည်သူများ ၊ နိုင်ငံ့ ဝန်ထမ်းများ ၊ ကုမ္ပဏီ ဝန်ထမ်းများ ၊ ပင်စင်စား များကို ဦးစားပေး စနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ပြီး ဆောက်လုပ်ရေး နှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဘဏ်မှ အိမ်ရာ အပေါင် ချေးငွေ စနစ်ဖြင့် ၈ နှစ်မှ ၁၀ နှစ် အထိ ဝယ်ယူ နိုင်အောင် စီစဉ်ထားကြောင်း သိရသည်။

အိမ်ရာ ကဏ္ဍ အနေဖြင့် ၂၀၁၆-၂၀၁၇ တစ်နှစ်တာ ကာလအတွင်း ရန်ကုန်မြို့တွင် တန်ဖိုးနည်း/တန်ဖိုး မျှတ အိမ်ရာ စီမံကိန်း(အိမ်ခန်း ၂၂၀၈ ခန်း) နှင့် မန္တလေးမြို့တွင် မြရည်နန္ဒာ အိမ်ရာ စီမံကိန်း(အိမ်ခန်း ၈၀၀) စုစုပေါင်း ၃၀၀၈ ခန်းကို တည်ဆောက် ပေးနိုင်ခဲ့ကြောင်း သိရသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.