Connect with us

Social

မလေးရှားနိုင်ငံ ထိန်းသိမ်းရေး စခန်း ၁၁ခုမှ ရွှေ့ပြောင်းမြန်မာ လုပ်သား ၁၃၈ ဦးပြန်လည်ရောက်ရှိ

လေဆိပ်တွင် ပြန်လည်ရောက်ရှိလာသော မြန်မာလုပ်သားများအားတွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ထိန်းသိမ်းရေး စခန်း ၁၁ ခုတွင် အကြောင်း အမျိုးမျိုးကြောင့် ဖမ်းဆီးခံ နေရသော ရွှေ့ပြောင်းမြန်မာ လုပ်သားများ အနက်မှ ၁၃၈ ဦးသည် ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်း (BFM) ၏ ထောက်ပံ့ငွေဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ MAI လေယာဉ်ဖြင့် ရောက်ရှိလာကြောင်း သိရသည်။

ရွှေ့ပြောင်းလုပ်သား ၁၃၈ ဦးသည် ယမန်နေ့ည လေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာခြင်း ဖြစ်ပြီး၊ မြန်မာရွှေ့ပြောင်း လုပ်သားများတွင် ရန်ကုန်တိုင်း ဒေသကြီးမှ ရှစ်ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ ကိုးဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ ၂၁ ဦး၊ ပဲခူးတိုင်း ဒေသကြီးမှ ခုနစ်ဦး၊ မကွေးတိုင်း ဒေသကြီးမှ ခုနစ်ဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ ခြောက်ဦး၊ တနင်္သာရီတိုင်း ဒေသကြီးမှ ၁၂ ဦး၊ ကချင်ပြည်နယ် မှ နှစ်ဦး၊ ကရင်ပြည်နယ် မှ ၁၁ ဦး၊ မွန်ပြည်နယ်မှ ၁၃ ဦး၊ ရခိုင်ပြည်နယ် မှ ၁၈ ဦး၊ ရှမ်းပြည်နယ်မှ တစ်ဦး၊ ချင်းပြည်နယ်မှ ၂၃ ဦးအပါအဝင် စုစုပေါင်း ၁၃၈ ဦးပါဝင်ကြောင်း သိရသည်။ ယင်းတို့ထဲတွင် အမျိုးသမီး ရှစ်ဦး ပါဝင်ကြောင်း သိရသည်။

ယခုအခါတွင် မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်း ၁၁ ခုတွင် ဖမ်းဆီးခံ နေရသော ရွှေ့ပြောင်းမြန်မာ လုပ်သား ၂၂၉၄ ဦးရှိရာ ယခု အသုတ်သည် ပထမအသုတ် ဖြစ်ကြောင်း သိရသည်။

ကျန်ရှိနေသေးသော မြန်မာလုပ်သား များအား မလေးရှားနိုင်ငံရှိ မြန်မာသံရုံးမှ ထိန်းသိမ်းရေး စခန်းများတွင် သွားရောက် စစ်ဆေးကာ ပြန်လည်ခေါ်ယူ နိုင်ရေးအား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယနေ့ညတွင် ရောက်ရှိလာသော မြန်မာနိုင်ငံသား ၁၃၈ ဦးအား ကြည့်မြင်တိုင် မြို့နယ် ငါးဈေးအနီးရှိ သာဓု ဘုန်းတော်ကြီးကျောင်း တွင် ခေတ္တထားရှိကာ နေရပ် အသီးသီးသို့ ပြန်လည်ပေးပို့ သွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်း အနေဖြင့် လေယာဉ် စင်းလုံးငှား အခမဲ့ပို့ဆောင် ပေးသည့်အပြင် တစ်ဦးလျှင် အပြန်စရိတ် ငွေကျပ် တစ်သိန်းစီ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း မြဝတီသတင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.