Connect with us

Social

နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်များအား Stay Permit သက်တမ်းတိုး တစ်နှစ် စ ပေးရန်ရှိ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိလာသော နိုင်ငံခြားသားများကိုတွေ့ရစဉ်(ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ လုပ်ငန်း ဆောင်ရွက်ရန် သတ်မှတ် ဗီဇာဖြင့် လာရောက်သည့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ၊ ကျွမ်းကျင်ပညာရှင်များ၊ အလုပ်သမားများအတွက် နေခွင့် သက်တမ်း တစ်နှစ်တိုး ခွင့်ပြုမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

“အစိုးရသစ် လက်ထက်တွင် ဖြေလျှော့ ဆောင်ရွက်ပေးတဲ့ အစီအစဉ်အနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်း ဆောင် ရွက် ရန် သတ်မှတ် ဗီဇာဖြင့် လာရောက်သည့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ၊ ကျွမ်းကျင်ပညာရှင်များ၊ အလုပ်သမားများအတွက် နေခွင့် သက်တမ်း ခြောက်လ၊ သို့မဟုတ် တစ်နှစ်တိုးခွင့်ပြုပါရန် တရားဝင် သက်တမ်းရှိ ကုမ္ပဏီများ၊ work permit များဖြင့် သက်ဆိုင်ရာ ကုမ္ပဏီများက တာဝန်ခံ လျှောက်ထား တင်ပြလာပါက သတ်မှတ်နှုန်းထား တိုးမြှင့်ကောက်ခံပြီး ဖြေလျှော့ ဆောင်ရွက်ပေးသွားဖို့စီစဉ်လျက်ရှိပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီးက ပြောသည်။

ပုဇွန်တောင် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်၏ “နိုင်ငံခြား စီးပွားရေး လုပ်ငန်းရှင်များအား Stay permit လျှောက်ထားရာတွင် ပထမအကြိမ် လျှောက်ထားပါက သုံးလ၊ ဒုတိယ အကြိမ် လျှောက်လျှင် ခြောက်လ၊ တတိယအကြိမ် လျှောက်ထားပါက တစ်နှစ်ဟူသည့် လက်ရှိ စနစ် အစား တစ်ခါ လျှောက်လျှင် တစ်နှစ်ဟု သက်တမ်းတိုး ပြောင်းလဲ ပေးရန် အစီအစဉ် ရှိ မရှိ” ဟူသည့် မေးခွန်းကို ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်နှင့် အမျိုးသား အကျိုးစီးပွား ဖွံ့ဖြိုး တိုးတက်ရေးအတွက် စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ ဆောင် ရွက်လျက်ရှိရာ နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်များ၊ ကျွမ်းကျင်ပညာရှင်များ၊ မြန်မာနိုင်ငံသား ဟောင်း နိုင်ငံခြားသားများ အလွယ်တကူ ဝင် ထွက်နိုင်စေရေးအတွက် ၂၀၁၆ ဇန်နဝါရီလ ၁ ရက်နေ့မှ စပြီး ပြည်ဝင်ခွင့် ဗီဇာ ၁၂ မျိုး၊ ပြည် ပြန်ဝင်ခွင့် ဗီဇာ သုံးမျိုး သတ်မှတ်၍ စနစ်သစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စီးပွား ရေး ဗီဇာ၊ အလုပ်သမားဗီဇာ၊ လူမှုရေး ဗီဇာ တစ်မျိုးမျိုးဖြင့် ဝင်ရောက်လာသော နိုင်ငံခြားသားများ မြန်မာနိုင်ငံ တွင် ဆက်လက်နေထိုင်မည် ဆိုပါက ၎င်းတို့ရရှိထားသည့် ဗီဇာ အမျိုးအစားအလိုက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ထောက်ခံချက်ဖြင့် နေခွင့် သက်တမ်းနှင့် ပြည်ပြန်ဝင်ခွင့် ဗီဇာ သက်တမ်းတိုးမြှင့် ပေးရန် လျှောက်ထားနိုင်ကြောင်း လည်း ပြည်ထောင်စု ဝန်ကြီးက ရှင်းပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.