Connect with us

Social

ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင်လေးခရိုင်၌ အမှိုက်မီးရှို့စက် တစ်လုံးစီကို နှစ်အလိုက် တည်ဆောက်မည်

ရန်ကုန်မြို့တွင်း စွန့်ပစ်ထားသော အမှိုက်များအား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင်လေးခရိုင်၌ အမှိုက်တန် ၅ဝဝ မီးရှို့နိုင်သော အမှိုက်မီးရှို့စက် တစ်လုံးစီကို နှစ်အလိုက် တည်ဆောက်သွားရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေး ဌာနထံမှ သိရသည်။

ယင်း ရန်ကုန်မြို့မှထွက်ရှိသော အမှိုက်များဖြင့် ရန်ကုန်မြို့၌ လိုအပ်လျက်ရှိသော လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်ရန် ခရိုင်တစ်ခုလျှင် အမှိုက်တန် ၅ဝဝ မီးရှို့နိုင်သည့် အမှိုက်မီးရှို့စက်များကို တည်ဆောက်မည့် အပြင် တန်၁ဝဝ မီးရှို့နိုင်သည့် စက်ရုံအသေး လေးရုံကိုလည်း ၂ဝ၄ဝ ပြည့်နှစ်အထိ နှစ်အလိုက် တည်ဆောက် သွားရန် လျာထားကြောင်း သိရသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး လှော်ကားအနီး၌ အမေရိကန်ဒေါ်လာ ၁၆ သန်း အကုန်အကျခံ၍ တန် ၆ဝ မီးရှို့နိုင်သည့် အမှိုက်မီးရှို့စက်ကို တည်ဆောက်လျက်ရှိကာ မင်္ဂလာဒုံမြို့နယ်မှ ထွက်ရှိသည့် အမှိုက်များကို ယင်းအမှိုက် မီးရှို့စက်ဖြင့် မီးရှို့ပြီး လျှပ်စစ်စွမ်းအင် ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.