Connect with us

Social

စိန်ပေါလ် အထက်တန်းကျောင်းဟု လူသိများသည့် အ.ထ.က(၆)ဗိုလ်တထောင်တွင် ရန်ကုန်မြို့ပြ အမွေအနှစ် အထိမ်းအမှတ် အပြာရောင် ကမ္ဗည်းပြား တပ်ဆင်

အပြာရောင် ကမ္ဗည်းပြား တပ်ဆင်ခဲ့သည့် စိန်ပေါလ် အထက်တန်းကျောင်းအား တွေ့ ရစဉ်(ဓာတ်ပုံ-Yangon Heritage Trust)

ရန်ကုန် ၊ မတ် ၂ ရက်(ဆင်ဟွာ)

စိန်ပေါလ် အထက်တန်းကျောင်းဟု လူသိများသည့် ဗိုလ်တထောင် မြို့နယ် အမှတ်(၆) အခြေခံ ပညာ အထက်တန်းကျောင်းတွင် ရန်ကုန် မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့၏ ၁၇ ခုမြောက် ရန်ကုန်မြို့ပြ အမွေအနှစ် အထိမ်းအမှတ် အပြာရောင် ကမ္ဗည်းပြားကို ယနေ့မတ် ၂ ရက်တွင် တပ်ဆင်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့အပြာရောင် ကမ္ဗည်းပြားများ တပ်ဆင်ခြင်းဖြင့် ရန်ကုန်မြို့၏ သမိုင်းကြောင်းကို အသက်အရွယ် မရွေး နယ်ပယ်စုံမှ ပြည်သူများနှင့် ခရီးသွားများ လေ့လာနိုင်မည်ဟု ရန်ကုန် မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့မှ ယုံကြည်ထားကြောင်း သိရသည်။

အပြာရောင် ကမ္ဗည်းပြား တပ်ဆင်ခြင်းသည် ရန်ကုန် မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့မှ လုပ်ဆောင်နေသော စီမံချက်၏ တစ်စိတ်တစ်ပိုင်း အဖြစ် ရန်ကုန်မြို့ပြ သမိုင်းကြောင်းတွင် အရေးပါခဲ့သော အဆောက်အအုံများနှင့် လူပုဂ္ဂိုလ်များအား အထိမ်းအမှတ်ပြုရန် ရည်ရွယ်ကြောင်း သိရသည်။

စိန်ပေါလ် အထက်တန်းကျောင်းသည် ရန်ကုန်မြို့ရှိ သက်တမ်း အရင့်ဆုံး ကျောင်းများ အနက် တစ်ခု ဖြစ်ပြီး အနော်ရထာလမ်း နှင့် သိမ်ဖြူ လမ်းထောင့်တွင် တည်ရှိသည်။

စိန်ပေါလ်ကျောင်းမှ ထင်ရှားသော ကျောင်းသားဟောင်းများ အနက် ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ် အောင်ဆန်း နှင့် အတူ ကျောင်းရှေ့ဝန်ကြီးများရုံးတွင် လုပ်ကြံခံခဲ့ရသော အာဇာနည် တစ်ဦး ဖြစ်သည့် ဒီးဒုတ် ဦးဘချိုလည်း အပါအဝင် ဖြစ်သည်။

မူလ စိန်ပေါလ် အထက်တန်းကျောင်းကို မြန်မာနိုင်ငံ၌ ပညာရေး နှင့် ခရစ်ယာန်သာသာနာ ဖွံ့ဖြိုး တိုးတက် အောင် ဆောင်ရွက်ခဲ့သော ဘုန်းတော်ကြီး ပေါလ်ဘီဂန်းဒက် (Paul Bigandet) က ကိုလ်ကတ္တား (ယခင် ကာလကတ္တား) က ဒီလာဆဲလ် De La Salle Brothers တို့၏ အကူအညီဖြင့် တည်ထောင်ခဲ့ကြောင်း ၊ မော်လမြိုင်မြို့တွင် စိန်ပက်ထရစ်ကျောင်းကို ဖွင့်လှစ်ပြီးနောက် ဒီလာဆဲလ် ညီအစ်ကိုများသည် ရန်ကုန်မြို့ကို ပြောင်းရွှေ့လာပြီး ၁၈၆၀ ခုနှစ် သြဂုတ်လတွင် စိန်ပေါလ် ယောက်ျားလေးကျောင်းကို ဘုန်းတော်ကြီး ဘီဂန်းဒက်၏ နေအိမ်အနီး ဘားလမ်း (ယခု မဟာဗန္ဓုလပန်းခြံလမ်း)၌ သစ်သားကျောင်းဆောင်ငယ်အဖြစ် စတင် တည်ဆောက်ခဲ့ကြောင်း သိရသည်။

ထိုနောက် ကျောင်းသားများ တစ်စတစ်စ တိုးပွားလာခဲ့ပြီး ၁၈၈၆ ခုနှစ်တွင် လက်ရှိနေရာကို ပြောင်းရွှေ့ ခဲ့ကြကြောင်း ၊ ၁၉၀၀ နှင့် ၁၉၀၈ ခုနှစ်ကြားတွင် တိုးချဲ့ဆောင်၂ ခုကို ထပ်မံ တည်ဆောက်ခဲ့ပြီး ကျောင်းမှာ လက်ရှိ အင်္ဂလိပ်အက္ခရာ U ပုံသဏ္ဍာန် ဖြစ်လာခဲ့ကြောင်း ၊ တိုးချဲ့ဆောင်များကို ထိုခေတ်က နာမည်ကျော် ဗိသုကာ Thomas Swales က ပုံစံရေးဆွဲပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စိန်ပေါလ်အထက်တန်းကျောင်းကို ၁၉၆၅ ခုနှစ်တွင် ပြည်သူပိုင် သိမ်းယူခဲ့ရပြီးနောက် အခြေခံပညာ အထက်တန်းကျောင်း အမှတ် (၆) ဗိုလ်တထောင် အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.