Connect with us

Social

ပြည်ပအလုပ်အကိုင် အေဂျင်စီများ၏ လိုင်စင်ကြေးအား သိန်း၅၀၀ တိုးမြှင့်သတ်မှတ်ရန်ကိစ္စ MOEAF နှင့်ဆွေးနွေး

အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်နှင့် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှတာဝန်ရှိသူတို့တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-- MOEAF)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

ပြည်ပအလုပ်အကိုင် အေဂျင်စီများ၏ လိုင်စင်ကြေးအား သိန်း၅၀၀ တိုးမြှင့်သတ်မှတ်ရန်၊ မလေးရှားနိုင်ငံသို့အလုပ်သမားစေလွှတ်မှုပိတ်ပင်ထားခြင်းအား ပြန်လည်ခွင့်ပြုပေးရန်အတွက် MOEAF မှ အကြောင်းကြားစာတင်ပြပေးရန် နှင့် အခြားကိစ္စရပ်များအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်နှင့် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှတာဝန်ရှိသူတို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုရီးယားနိုင်ငံသို့ကမ်းနီးငါးဖမ်းစက်လှေများတွင် သွားရောက်လုပ်ကိုင်နိုင်ရန် ခွင့်ပြုပေးမည်ဖြစ်ပြီး အလုပ်ခေါ်စာများရှိပါက တင်ပြပေးရန် ၊ပွဲစားများမှ အလုပ်သမားစုဆောင်းခြင်း

ပပျောက်စေပြီး နယ်ကိုယ်စားလှယ်များတရားဝင်ထားရှိစေရန် ၊

တရားမဝင်အိမ်အကူလုပ်သားများထွက်ခွာနေမှုကြောင့်တရားဝင်လုံခြုံစိတ်ချစွာ

သွားရောက်လုပ်ကိုင်စေရန် စီစဉ်နေကြောင်း နှင့် စင်္ကာပူ သို့သူနာပြုအကူစေလွှတ်နိုင်ရေးကိစ္စများ

အား အမြဲတမ်းအတွင်းဝန်မှ ပြောကြားခဲ့ကြောင်း MOEAF ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.