Connect with us

Social

ကြော်ငြာ ဆိုင်းဘုတ်များနှင့် ပတ်သတ်၍ ဥပဒေ နှင့် အညီ လိုက်နာ ဆောင်ရွက်ကြရန် YCDC အသိပေး

ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ၏ အသိပေး ပန်ကြားချက်အား တွေ့ ရစဉ်(ဓာတ်ပုံ-The Mirror Daily)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ)

ရန်ကုန် မြို့တော် နယ်နိမိတ် အတွင်း ကြော်ငြာ ဆိုင်းဘုတ်များ ၊ စာရွက်များ ၊ ဗီနိုင်း(Vinyl)များ စိုက်ထူခြင်း ၊ ကပ်ခြင်း ၊ ချိတ်ဆွဲခြင်း ၊ ရေးဆွဲခြင်းများ ဆောင်ရွက်ရာတွင် ဥပဒေ နှင့် အညီ လိုက်နာ ဆောင်ရွက်ကြရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ(YCDC)မှ အသိပေးချက် ထုတ်ပြန်ခဲ့သည်။

မြို့တော်နေ ပြည်သူ အချို့မှာ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက် မရရှိဘဲ အဆောက်အဦများ ၊ ဓာတ်တိုင်များ ၊ ခုံးကျော်တံတားများ၏ နေရာ အချို့တွင် ကြော်ငြာများ တပ်ဆင်ခြင်း ၊ ကပ်ခြင်း ၊ ချိတ်ဆွဲခြင်း နှင့် ရေးဆွဲခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း စစ်ဆေး တွေ့ရှိရကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။

ထိုသို့လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက ရန်ကုန် မြို့တော် စည်ပင်သာယာရေး ဥပဒေ နှင့် အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးခဲ့သည်။ကြော်ငြာဆိုင်းဘုတ်များ နှင့် ပတ်သတ်၍ ယာယီ ဆိုင်းဘုတ်များ ၊ LED ဆိုင်းဘုတ်များ ၊ မြေစိုက် ဆိုင်းဘုတ် များ ၊ ဗီနိုင်း(Vinyl) ကြော်ငြာများ ၊ ခြံစည်းရိုး နံရံကပ် ဆိုင်းဘုတ်များ နှင့် နံရံ ဆေးခြယ် ဆိုင်းဘုတ်များအား သတ်မှတ်ချက်များနှင့် အညီ ခွင့်ပြုဆောင်ရွက်ပေးလျက် ရှိကြောင်း အသိပေး ပန်ကြားချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.