Connect with us

Social

၂ဝ၁၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ကမ္ဘာလှည့် ခရီးသည် ၃ ဒသမ ၅၅ သန်း ဝင်ရောက်

အမျိုးသား ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ (၁/၂ဝ၁၉)ကြိမ်မြောက် အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ - Myanmar President Office )

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံသို့ ၂ဝ၁၈ ခုနှစ်တွင် တစ်နှစ် လုံးအနေဖြင့် ကမ္ဘာလှည့် ခရီးသည် စုစုပေါင်း ၃ ဒသမ ၅၅ သန်း ဝင်ရောက် ခဲ့ပြီး ယခင် ၂၀၁၇ ခုနှစ်တွင် ဝင်ရောက်ခဲ့သည့် ကမ္ဘာလှည့်ခရီးသည် ဦးရေ နှင့် နှိုင်းယှဉ်ပါက ၃ ဒသမ ၁၅ ရာခိုင်နှုန်း တိုးတက်လာကြောင်း အမျိုးသား ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟို ကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့သည်။

ယခင်၂ဝ၁၇ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသည် ၃ ဒသမ ၄၄ သန်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆက်လက်ပြီး ခရီးသွား လုပ်ငန်း ပိုမို ဖွံ့ဖြိုး တိုးတက်ရန်နှင့် ခရီးသည်များ ပိုမိုလာရောက် ရေးအတွက် လိုအပ်သည့် နည်းဗျူဟာများ ရှာကြံတွေးဆချမှတ်ဆောင်ရွက်ကြရန် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြုလုပ်သော အမျိုးသား ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ (၁/၂ဝ၁၉)ကြိမ်မြောက် အစည်းအဝေးတွင် တိုက်တွန်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည် ပိုမိုရောက်ရှိရန် Look East မူဝါဒ ချမှတ်ပြီး အာဆီယံနှင့် ဆွေးနွေးဖက် အာရှ နိုင်ငံများမှ ခရီးသည်များပိုမိုဖိတ်ခေါ်ရန် ရည်ရွယ်ချက်ဖြင့် ဗီဇာ ဖြေလျှော့ပေးသည့် အစီအစဉ်များကို စမ်းသပ် ဆောင်ရွက်ခဲ့ရာ ကနဦးအနေဖြင့် ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ဟောင်ကောင် နှင့် မကာအို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများမှ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ ခရီးသွားဧည့်သည်များကို ဗီဇာ ကင်းလွတ်ခွင့် (Visa Exemption)နှင့် လေကြောင်းမှ လာရောက်သည့် တရုတ်နှင့်အိန္ဒိယနိုင်ငံသား ခရီးသွားဧည့်သည်များကို ဆိုက်ရောက် ဗီဇာ(Visa on Arrival) ခွင့်ပြုပေးခြင်းကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ ယင်းအစီအစဉ်သည် အထောက်အပံ့တစ်ခုဖြစ်ခဲ့ပြီး ယင်းနိုင်ငံများက ခရီးသည်များ တိုးတက်လာရောက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.