Connect with us

Social

မြဝတီမြို့ ၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၆၅ ဦး ပြန်လည်ရောက်ရှိ

ပြန်လည်ရောက်ရှိလာသည့် ရွှေ့ပြောင်းလုပ်သားများအားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

မြဝတီမြို့၊ အမှတ်(၁)ချစ်ကြည်ရေး တံတားမှ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၆၅ ဦး(ကျား ၁၇၇၊ မ ၈၈)တို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ရွှေ့ပြောင်းလုပ်သားများသည် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်းပြန်လည်ဝင်ရောက်လာသူများထံမှ ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ အစွန်းရောက် အကြမ်းဖက်သမားများ၊ မူးယစ်ဆေးဝါး၊ လက်နက်/ခဲယမ်းများ၊ တရားခံပြေးများ၊ ငွေစက္ကူအတု ပြုလုပ်သူများနှင့် ငွေစက္ကူအတုများပါလာခြင်းမရှိစေရေး အုပ်ချုပ်ရေးအဖွဲ့များ၊ လဝက၊ နယ်မြေခံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် ခစတတို့ပါဝင်သော ပူး ပေါင်းအဖွဲ့များမှ စိစစ်ရှာဖွေခြင်း၊ စားစရာ၊ ရေနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၎င်းနေရပ်ပြန်ရွှေ့ပြောင်းအလုပ်သမားများ မှာ နေရပ်အသီးသီးသို့ ပြန်လည် ထွက်ခွာသွားကြောင်းနှင့် ဇွန်လ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၃ ရက်နေ့အထိ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၅၅,၁၆၉ ဦး(ကျား ၈၈၁၈၉၊ မ ၆၆၉၈၀)တို့ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.