Connect with us

Social

တရုတ်နိုင်ငံ China EXIM Bank ချေးငွေများဖြင့် မြန်မာနိုင်ငံ အနှံ အသေးစား အရင်းအနှီး ချေးငွေ လုပ်ငန်းများ ဆက်လက် တိုးချဲ့လုပ်ကိုင်မည်

ကျေးလက်ဒေသ ဖွံ့ ဖြိုးရေးနှင့် လူမှု စီးပွားမြှင့်တင်ရေး အခမ်းအနား (ဓာတ်ပုံ- သမဝါယမ ဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်)

ရန်ကုန် ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၊ လူမှု စီးပွားမြှင့်တင်ရေးနှင့် ဆင်းရဲမှု လျှော့ချရေး စီမံကိန်းများ အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ China EXIM Bank မှ ချေးငွေများဖြင့် အသေးစား အရင်းအနှီး ချေးငွေများကို ထုတ်ချေးပေးလျှက်ရှိ သကဲ့သို့ ဆက်လက် တိုးချဲ့ လုပ်ကိုင်သွားမည်ဟု သမဝါယမ ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာသို့ ယနေ့ပြောကြားသည်။

“သမဝါယမ အသေးစား ရင်းနှီးချေးငွေ လုပ်ငန်းမှာက နှစ်ပိုင်း ရှိပါတယ်။ ပထမ တစ်ပိုင်းက သမဝါယမ မှာရှိတဲ့ အသင်းအဖွဲ့တွေရဲ့ကိုယ်ပိုင် အရင်းအနှီးတွေနဲ့ရင်းနှီးချေးတဲ့ အသေးစား ရင်းနှီးချေးငွေက တစ်ပိုင်း ၊ ဒုတိယ တစ်ပိုင်းက China EXIM Bank ချေးငွေကို ရယူပြီးတော့ သမဝါယမ အသင်းသားတွေကို ချေးငွေက တစ်ပိုင်းပါ။ လက်ရှိ လုပ်နေတာက China EXIM Bank က အမေရိကန် ဒေါ်လာ သန်း ၁၀၀ ချေးပြီးသွားပြီ။ အခု နောက်ထပ် သန်း ၃၀၀ ထပ်ချေးပြီးတော့ ထုတ်ချေး ပေးနေပါပြီ။ လက်ရှိ ပြည်နယ်နဲ့ တိုင်းဒေသကြီး တွေမှာ ချေးငွေတွေ ထုတ်ပေး နေတယ်။

ပမာဏကတော့ တက်နေတာပေါ့။ သန်း ၃၀၀ စလုံးတော့ အသင်းသားတွေ လက်ထဲကို အပြည့်အဝတော့ မရောက်သေးဘူး။ အခုက လုပ်ငန်း လုပ်ဆောင်ဆဲ ကာလပဲ ရှိသေးပါတယ်။ ဒါတွေ ပြီးသွားရင်တော့ China EXIM Bank က အမေရိကန် ဒေါ်လာသန်း ၄၀၀ နဲ့သမဝါယမ အသင်းတွေ ပိုင်ဆိုင်တဲ့ ငွေကြေးတွေနဲ့ဆက်လုပ် ကိုင်သွားမှာပါ။ ဒါက ကာလရှည် ချေးငွေဖြစ်တဲ့အတွက် လည်ပတ်နေတဲ့ သဘောရှိပါတယ်။”ဟု သမဝါယမ ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အသေးစား အရင်းအနှီး ချေးငွေလုပ်ငန်း (Micro Capital Loan) ကို နေပြည်တော် ပြည်ထောင်စု နယ်မြေ အပါအဝင် တိုင်းဒေသကြီး ၊ ပြည်နယ် ၁၅ ခု ၊ မြို့နယ်ပေါင်း ၃၀၇ မြို့နယ် ၊ ကျေးရွာ အသင်းပေါင်း ၃၄,၅၈၆ ရှိ သမဝါယမ အသင်းသား မိသားစု ၃,၀၄၂,၀၅၀ စုသို့ China EXIM Bank မှ ပထမအကြိမ် ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၁၀၀ နှင့် ဒုတိယအကြိမ် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃၀၀ အပါအဝင် အသေးစား အရင်းအနှီး ချေးငွေကျပ် ၃၈၈.၉၄၇ ဘီလီယံကျော် ထုတ်ချေးပေးလျှက်ရှိပြီး ဆက်လက် တိုးချဲ့လုပ်ကိုင် သွားမည်ဟု သိရသည်။

ထို့ပြင် သမဝါယမ ဝန်ကြီးဌာန၏ လုပ်ငန်းများ ဖြစ်သည့် လယ်ယာသုံး ၊ လုပ်ငန်းသုံး စက်ကိရိယာများ အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချပေးခြင်း လုပ်ငန်း (Hire Purchase) သည် တိုင်းဒေသကြီး ၊ ပြည်နယ် ၁၅ ခု တို့တွင် လယ်ယာသုံး ၊ လုပ်ငန်းသုံး ၊ ရေလုပ်ငန်းသုံး စက်ပစ္စည်း ၁၅၄,၂၈၉ စီး တန်ဖိုးအားဖြင့် ကျပ်သန်း ၆၉,၆၀၅ . ၀၃၃၁ ဖိုးကို ရောင်းချပေးနိုင်ခဲ့သည်။ ယင်းတို့အနက် ၃,၇၉၄ စီးမှာ ငွေအကျေပေးသွင်းပြီး အသင်းသားများ ပိုင်ဆိုင်နေကြပြီ ဖြစ်သည်။ သမဝါယမ အသင်းများ အဆင့်မြှင့်တင်ခြင်း (Upgrade) လုပ်ငန်းသည် တိုင်းဒေသကြီး ၊ ပြည်နယ်များထဲမှ အသင်း (၁၇) သင်းကို ဦးစွာ အဆင့်မြှင့်တင် ဆောင်ရွက်လျှက် ရှိကြောင်း ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။ (Xinhua)