Connect with us

Social

နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူ ယခုလ အထိ စုစုပေါင်း ၅၉၃ ဦးရှိ

နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်း ဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေး ကျင်းပစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ မတ် ၂၆ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်မှစတင်၍ လျှောက်လွှာများ လက်ခံ ဆောင်ရွက်ခဲ့ရာ စတင်ဆောင်ရွက်ချိန်မှ ၂၀၁၉ ခုနှစ် မတ် ၂၁ ရက်အထိ လျှောက်ထားသူ စုစုပေါင်း ၅၉၃ ဦး ရှိပြီး ၄၈၀ ခွင့်ပြု ပေးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ကို ကျွမ်းကျင် ပညာရှင် ၊ ရင်းနှီးမြှုပ်နှံသူ ၊ မြန်မာနိုင်ငံသားဟောင်း နှင့် ယင်းတို့နှင့် သွေးချင်းဆက်စပ်သူ နိုင်ငံခြားသားဟူ၍ အမျိုးအစား လေးမျိုး ခွဲခြား သတ်မှတ်ကာ လျှောက်လွှာများ လက်ခံ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်း ဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို မတ် ၂၅ ရက်တွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထိုအစည်းအဝေးတွင် လုပ်ငန်း ကော်မတီမှ ပဏာမစိစစ်ပြီးသူ ကျွမ်းကျင် ပညာရှင် တစ်ဦး၊ ရင်းနှီးမြှုပ်နှံသူ နိုင်ငံခြား သား သုံးဦး၊ စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးမှ လျှောက်ထားသည့် မြန်မာနိုင်ငံသား ဟောင်း လေးဦးနှင့် တောင်အာဖရိကနိုင်ငံ ရှိ မြန်မာသံရုံးမှ လျှောက်ထားသည့် မြန်မာနိုင်ငံသားဟောင်း (မိသားစုဝင် အပါ) နှစ်ဦး အပါအဝင် မြန်မာနိုင်ငံသား ဟောင်း ၂၁ ဦး၊ ပြင်သစ်နိုင်ငံရှိ မြန်မာ သံရုံးမှတစ်ဆင့် လျှောက်ထားသူ သွေးချင်းဆက်စပ်သူ နိုင်ငံခြားသား တစ်ဦး အပါအဝင် ဆက်စပ်သူ နိုင်ငံခြား သားခြောက်ဦးနှင့် မိသားစုဝင် ၁၉ ဦး စုစုပေါင်း ၅၀ အား ဗဟိုကော်မတီမှ စိစစ် အတည်ပြု ဆောင်ရွက်ခဲ့ကြောင်းနှင့် အတည်ပြုပြီး သူများအား လူတွေ့စစ်ဆေး ခံနိုင်ရေး ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးတွင် ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် အကောင်အထည် ဖော် ဆောင်ရွက်နေမှုနှင့် ကနဦး လျှောက်ထားခြင်းကို မြန်မာနိုင်ငံ သာမက ပြည်ပနိုင်ငံအသီးသီးရှိ မြန်မာ သံရုံးများ၌လည်း လျှောက်ထားနိုင်ရန် စတင်ဆောင်ရွက်ချိန်မှ ယခုအထိ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားမှုနှင့် စိစစ်ခွင့်ပြုမှု၊ ခွင့်ပြု ပြီးသူများအား အမြဲနေထိုင်ခွင့်လက်မှတ် နှင့် ကတ်ပြားများ ထုတ်ပေးပြီးစီးမှု၊ ယခု အစည်းအဝေးတွင် လုပ်ငန်းကော်မတီ မှ စိစစ်တင်ပြလာသူများအား ဗဟို ကော်မတီအဖွဲ့ဝင်များက ထပ်မံစိစစ် အတည်ပြု ဆောင်ရွက်ပေးနိုင်ရေးနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.