Connect with us

Sport

ဗီယက်နမ် ဖိတ်ခေါ်ပြိုင်ပွဲ မြန်မာအသင်း ပွဲဦးထွက်နိုင်၊ နိုဝင်ဘာလ ၆ ရက်တွင် ဟောင်ကောင် လက်ရွေးစင် အသင်းနှင့် ယှဉ်ပြိုင်မည်

မြန်မာ ယူ-၂၁ အမျိုးသမီး ဘောလုံးအသင်း ဗီယက်နမ် နိုင်ငံ ဟိုချီမင်းမြို့ သို့ ထွက်ခွာစဉ် (ဓာတ်ပုံ-Myanmar Football 12th Palyers Facebook)

ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

မြန်မာ ယူ-၂၁ အမျိုးသမီး ဘောလုံးအသင်း ဗီယက်နမ် ဖိတ်ခေါ် ပြိုင်ပွဲတွင် FEU အသင်း ဖိလစ်ပိုင် နှင့် ပွဲဦးထွက် တွင် ၆ ဂိုး – ဂိုးမရှိဖြင့် မြန်မာအသင်းမှ အနိုင်ရရှိခဲ့ပြီး၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် ဟောင်ကောင် လက်ရွေးစင် အသင်း နှင့် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သတင်း ထုတ်ပြန်သည်။

အမျိုးသမီး အသင်းတွင် ခင်သန္တာအေး၊ ဇင်မာထွန်း၊ အေးအေးမိုး၊ ခင်သန်းဝေ၊ ငယ်ငယ်ထွေး၊ ရူပါခိုင်၊ ဝင်းသိင်္ဂီထွန်း၊ လဲ့လဲ့လှိုင်၊ မေသူကျော်၊ လှယဉ်ဝင်း၊ နီလာဝင်းတို့ ပါဝင်လျက် ဖိလစ်ပိုင် နှင့် ပွဲဦးထွက် ကစားခဲ့ ကြခြင်း ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲကို မြန်မာယူ-၂၁ အသင်း၊ ဟိုချီမင်း စီးတီး (ဗီယက်နမ်)၊ FEU (ဖိလစ်ပိုင်) နှင့် ဟောင်ကောင် လက်ရွေးစင် အသင်းတို့ ပါဝင် ယှဉ်ပြိုင်နေပြီး၊ ပတ်လည် စနစ်ဖြင့် ကစားကာ အမှတ်အများဆုံး အသင်းမှ ဗိုလ်စွဲမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117