Connect with us

Sport

ပထမအကြိမ် အာဆီယံနိုင်ငံ ဝန်ထမ်း အားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း ၂ မျိုး ပါဝင် ယှဉ်ပြိုင်မည်

အားကစား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသောင်းထိုက်က ပြည်ပသို့ သွားရောက်မည့် မြန်မာ အားကစား အဖွဲ့ ဝင်များအား အမှာစကားပြောကြားနေစဉ် (ဓာတ်ပုံ-အားကစားဝန်ကြီးဌာန)

ရန်ကုန် ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ပထမအကြိမ် အာဆီယံ နိုင်ငံ ဝန်ထမ်း အားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဂေါက်သီးရိုက် အားကစားနည်းနှင့် ဘိုးလင်း အားကစားနည်း တို့၌ ပါဝင် ယှဉ်ပြိုင်မည်ဟု အားကစား ဝန်ကြီးဌာနမှ သိရသည်။

ပထမအကြိမ် အာဆီယံ နိုင်ငံ ဝန်ထမ်း အားကစားပြိုင်ပွဲကို နိုဝင်ဘာလ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ပြီး ပြိုင်ပွဲတွင် စားပွဲတင် တင်းနစ် ၊ ကြက်တောင် ၊ ဘိုးလင်း ၊ ဖူဆယ် အားကစားနှင့် ဂေါက်သီး အားကစားတို့ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံမှ နိုဝင်ဘာ ၂၄ ရက်မှ ၃၀ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပမည့် ကမ္ဘာ့ကာယဗလ အဖွဲ့ချုပ်၏ နှစ်ပတ်လည် ညီလာခံသို့တတ်ရောက်ရန် ရှိပြီး ၇ ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံခိုင်မှု အားကစား ပြိုင်ပွဲသို့အမျိုးသား ၆၀ ကီလိုတန်းတွင် ထွန်းမင်းနှင့် အမျိုးသမီး (Athlatic Physique Over 160cm) တွင် နန့်လောင်ခမ်းတို့မှ အုပ်ချုပ်သူ ၁ ဦး ၊ ဒိုင်လူကြီး ၁ ဦးတို့ဖြင့် သွားရောက်မည်ဟု သိရသည်။

မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ ဒုတိယ ဥက္ကဌ ၊ အားကစား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသောင်းထိုက်က ပြည်ပသို့သွားရောက်မည့် မြန်မာ အားကစား အဖွဲ့ဝင်များအား နိုင်ငံ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ရာတွင် နိုင်ငံ ဂုဏ်သိက္ခာရှိအောင် စည်းကမ်းရှိရှိ စနစ်တကျ ယှဉ်ပြိုင်သွားကြ စေလိုကြောင်း ၊ နိုင်ငံအတွက် ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ခြင်း ဖြစ်၍ နိုင်ငံ၏ ပုံရိပ်ကို မထိခိုက်အောင် ကြိုးစားကြစေလိုကြောင်း ၊ အားကစား သမား များအနေနှင့် အောင်မြင်မှု ရရှိအောင်နှင့် အတွေ့အကြုံကောင်းများ ရရှိအောင် ကြိုးစား ယှဉ်ပြိုင် ကြစေလိုကြောင်း နေပြည်တော်၌ ယနေ့ တွေ့ဆုံ ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117