Connect with us

Sport

အာဆီယံ ယူ ၁၉ ချန်ပီယံရှစ် အမျိုးသားဘောလုံးပြိုင်ပွဲ၌ မြန်မာအသင်း ငွေတံဆိပ်ဆု ရရှိ

မြန်မာဘောလုံးအသင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

၂၀၁၈ အာဆီယံယူ ၁၉ ချန်ပီယံရှစ် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းသည် ဒုတိယ ငွေတံဆိပ်ဆု ဆွတ်ခူး ရယူနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

၂၀၁၈ အာဆီယံယူ ၁၉ ချန်ပီယံရှစ် အမျိုးသား ဘောလုံးပြိုင်ပွဲ ကို ဇူလိုင်လ ၁ ရက်မှ ၁၄ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ မြန်မာအသင်းသည် တီမော၊မလေးရှား၊ ဘရူနိုင်းနှင့် ကမ္ဘောဒီးယား အသင်းတို့ ပါဝင်သည့် အုပ်စု(ခ)တွင် ပါဝင်ခဲ့ကာ အုပ်စုဒုတိယနေရာဖြင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

အကြိုဗိုလ်လုပွဲတွင် ပြိုင်ဘက် ထိုင်းအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်လှမ်းခဲ့သည်။ ဗိုလ်လုပွဲတွင် မလေးရှားအသင်းနှင့် ဆုံတွေ့ခဲ့ရာ မလေးရှားအသင်းက ၄-၃ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

ဒုတိယဆုရ မြန်မာယူ ၁၉ အသင်းသည် ယနေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ် ကြောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.