Connect with us

Sport

အာရှဖလား ခြေစစ်ပွဲ အုပ်စု (က) ရဲ့ ပထမဆုံးပွဲစဉ်အဖြစ် မြန်မာနဲ့ အိန္ဒိယ အသင်းယှဉ်ပြိုင်မည်

ပုံတွင် အနီရောင်ခြယ်ထားသည့် ဧရိယာ အားလုံးတွင် ရပ်နားနိုင်မည်ဖြစ်သည် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ)

အာရှဖလား ခြေစစ်ပွဲ အုပ်စု (က) ရဲ့ ပထမဆုံးပွဲစဉ်အဖြစ် မြန်မာနဲ့ အိန္ဒိယ အသင်းတို့ဟာ မတ်လ (၂၈) ရက် ညနေ (၆) နာရီမှာ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းကြီးအတွင်းမှာ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

အိန္ဒိယအသင်းနဲ့ ပွဲစဉ်သည် နှစ်ပေါင်း (၅၀) ကျော် ဝေးကွာနေသည့် အာရှဖလားပြိုင်ပွဲကို တက်လှမ်းနိုင်ရန် ပထမဆုံးခြေလှမ်းဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မြန်မာ – အိန္ဒိယ အာရှဖလားခြေစစ်ပွဲစဉ် လက်မှတ်များကို ယနေ့မတ်လ ၂၇ ရက်နေ့မှာ အောင်ဆန်း အားကစားကွင်း၊ သုဝဏ္ဏ အားကစားကွင်းနှင့် လှည်းတန်း စင်တာမှာ အထူးတန်း (၃၀၀၀)ကျပ်နှုန်း၊ ရိုးရိုးတန်း (၂၀၀၀)ကျပ်နှုန်းနဲ့ ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း၊ လှည်းတန်းစင်တာတွင် မနက် (၁၀း၀၀)နာရီမှ ည(၈း၀၀)နာရီအထိ၊ အောင်ဆန်းကွင်းနှင့် သုဝဏ္ဏကွင်းတို့တွင် မနက်(၁၀း၀၀)နာရီမှ ညနေ(၅း၀၀)နာရီအထိ လက်မှတ်များအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအိန္ဒိယ ပွဲစဉ်တွင် လာရောက် အားပေးမည့် ပရိသတ်များ လက်မှတ်ဝယ်ယူရေး၊ ကားရပ်နားမှုများ အဆင်ပြေစေရေးအတွက်ကားရပ်နားခွင့်ရှိသည်နေရာများနှင့် ဘောလုံးကွင်းသို့ လာရောက်နိုင်မည့် လမ်းကြောင်းများ နှင့် ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ပရိသတ်များ အပြန်ခရီးစဉ် အဆင်ပြေစေရေးအတွက် YBS ယာဉ် အစီး ၃၀ရှိနေမည်ဖြစ်ပြီး TAXI ငှားမည့် ပရိသတ်များအတွက်လည်း Oway Ride မှ TAXI များ အသင့်ရှိနေမည်ဖြစ်ကြောင်း ၊YBS ဖြင့်လာမည့်ပရိသတ်များအတွက်သုဝဏ္ဏဘောလုံးကွင်းသို့ ရောက်ရှိသည့် YBS နံပါတ်များ မှာ အသင်းတိုက်မှတ်တိုင် (လေးထောင့်ကန်လမ်းမကြီး)YBS ၃ ၊ YBS ၇၊YBS ၁၀၊YBS ၁၈၊YBS ၂၄၊YBS ၃၂ တို့ဖြစ်ပြီး၊ သုဝဏ္ဏလမ်းဆုံ YBS ၉၊YBS ၂၅၊YBS ၆၃၊YBS ၅၉တို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ မြို့ပတ်ရထားဖြင့်လာမည့် ပရိသတ်များအနေဖြင့် နှင်းဆီကုန်းဘူတာတွင် ဆင်းကာ သုဝဏ္ဏကွင်းသို့လာရောက်နိုင်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ခဲ့သည်။

လက်မှတ်ဝယ်ယူထားပြီး ကားနှင့်လာရောက်မည့် မည်သူမဆို ရပ်နားနိုင်သည့် Public Car Parking (အများပြည်သူယာဉ်ရပ်နားရန်နေရာ) များအဖြစ် သုဝဏ္ဏ ဘောလုံးကွင်း အပြင် ပတ်လမ်း နှင့် ကားရပ်နားနိုင်သည့် နေရာများကို သတ်မှတ်ပေးထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.