Connect with us

Sport

U-19 အာရှ ဘော်လီဘော ပထမနေ့ မြန်မာက ဟောင်ကောင်ကို သုံးပွဲအပြတ်ဖြင့် အနိုင်ရ

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး အဖွင့် အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ် ၂၈ ရက် (ဆင်ဟွာ)

အာရှ ၁၁ နိုင်ငံ ပါဝင်ယှဉ်ပြိုင်ကြသည့် အသက် ၁၉ နှစ်အောက် အာရှလူငယ် အမျိုးသား (၁၁) ကြိမ်မြောက် ဘော်လီဘော ပြိုင်ပွဲ အဖွင့်နေ့တွင် မြန်မာအသင်းနှင့် ဟောင်ကောင် အသင်းတို့ ပွဲဦးထွက် ယှဉ်ပြိုင်ခဲ့ကြရာ မြန်မာအသင်းက သုံးပွဲပြတ်ဖြင့် အနိုင်ရခဲ့သည်။

ထိုပွဲသို့ဟောင်ကောင်၊ မြန်မာ၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ တိုင်ပေ ၊ ဘင်္ဂလားဒေ့ရ်ှ၊ အီရန်၊ ထိုင်း၊ သီရိလင်္ကာ၊ ဂျပန်နှင့် တရုတ် နိုင်ငံတို့ ပါဝင် ယှဉ်ပြိုင်ခဲ့ကြရာ ဖွင့်ပွဲ ပထမနေ့တွင် မြန်မာအသင်းက ဟောင်ကောင် အသင်းကို ၂၅ – ၁၅၊ ၂၅ – ၁၇၊ ၂၅ – ၁၅ အမှတ်တို့ဖြင့် အနိုင် ရရှိခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြိုင်ပွဲဝင် နိုင်ငံအသင်းများသို့ ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြင့်နေစဉ် (ဆင်ဟွာ)

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြိုင်ပွဲဝင် နိုင်ငံအသင်းများသို့ ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြင့်နေစဉ် (ဆင်ဟွာ)

U-19 အာရှ ဘော်လီဘော ပထမနေ့ မြန်မာအသင်းနှင့် ဟောင်ကောင်အသင်းတို့ယှဉ်ပြိုင် ကစားကြစဉ် (ဆင်ဟွာ)

ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အဆောင် (ဘီ) တွင် ယနေ့နံနက် ၁၀ း ၃၀ နာရီ၌ ဖွင့်လှစ်ခဲ့ရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး နှင့် မြန်မာနိုင်ငံ ဘော်လီဘော အဖွဲ့ချုပ် ဥက္ကဌ ဦးထွန်းမြင့်နိုင်တို့က အဖွင့် အမှာစကားများ ပြောကြားခဲ့ ကြပြီး ပါဝင်ယှဉ်ပြိုင်ကြသော ဘော်လီဘောအသင်းများအား လိုက်လံ နှုတ်ဆက်ကာ ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။

ပြိုင်ပွဲဝင် အသင်းများကို အုပ်စုလေးစု ခွဲထားရာ အုပ်စု အေတွင် ဟောင်ကောင်၊ မြန်မာ၊ သြစတြေး လျ၊ အုပ်စု ဘီတွင် တောင်ကိုရီးယား၊ ဘင်္ဂလားဒေ့ရ်ှ၊ အီရန်၊ အုပ်စု စီတွင် ထိုင်း၊ သီရိလင်္ကာ၊ ဂျပန်နှင့် အုပ်စု ဒီတွင် တရုတ်၊ တိုင်ပေ အသင်းများ ပါဝင်ကြသည်။

ပြိုင်ပွဲကို မတ်မ ၂၈ ရက်မှ ဧပြီလ ၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.