Connect with us

Sport

၁၉ ကြိမ်မြောက် အရှေ့တောင် အာရှ လူငယ် ဘော်လီဘော ပြိုင်ပွဲအား မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည်

အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပရေး ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးအား နေပြည်တော်၌ ကျင်းပခဲ့စဉ် (ဓာတ်ပုံ-ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန)

ရန်ကုန် ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲများ လက်ခံကျင်းပခြင်းဖြင့် အတွေ့အကြုံကောင်းများ ရရှိပြီး မြန်မာ့ အားကစား အဆင့်အတန်း တိုးတက် မြင့်မားစေရေး ရည်ရွယ်ချက်များဖြင့် ၁၉ ကြိမ်မြောက် အရှေ့တောင် အာရှ လူငယ် ဘော်လီဘော ပြိုင်ပွဲအား မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် ဇူလိုင်လ ၂ ရက်မှ ၆ ရက်အထိ နေပြည်တော်၌ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။

၁၉ ကြိမ်မြောက် အရှေ့တောင်အာရှ လူငယ် ဘော်လီဘော ပြိုင်ပွဲတွင် အိမ်ရှင် မြန်မာနိုင်ငံ အပါအဝင် ထိုင်း ၊ အင်ဒိုနီးရှား ၊ စင်ကာပူနှင့် ဖိတ်ခေါ်နိုင်ငံ အဖြစ် နယူးဇီလန် နှင့် မော်လဒိုက် နိုင်ငံတို့မှ ကစားသမား ၁၂၀ ခန့်ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ပြိုင်ပွဲများ လက်ခံ ကျင်းပရခြင်းသည် ပြိုင်ပွဲဝင် နိုင်ငံ အချင်းချင်း ချစ်ကြည် ရင်းနှီးမှု ပိုမို ရရှိစေရေး ၊ နိုင်ငံအတွင်းရှိ လူငယ်လူရွယ်များ အားကစားကို ပိုမို စိတ်ပါဝင်စားလာစေပြီး ပိုမို လေ့လာလိုက်စား နိုင်စေရန် ရည်ရွယ်ကြောင်း သိရသည်။
ထို့အတူ AFF Futsal Club Championship ပြိုင်ပွဲအား ဇူလိုင်လ ၈ ရက်မှ ၁၆ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ ဖူဆယ် အားကစားရုံ၌ ပြိုင်ပွဲဝင် ၅ နိုင်ငံ ပါဝင်ပြီး ပြိုင်ပွဲဝင် ကလပ် အသင်း ၁၀ သင်း ၊ ကစားသမား ဦးရေ ၂၀၀ ခန့်ပါဝင် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.