Connect with us

Sport

ဆီးဂိမ်း၌ မြန်မာနိုင်ငံအတွက် တတိယမြောက် ရွှေတံဆိပ်ဆုကို လှေလှော်အားကစားနည်းမှ ရရှိ

လှေလှော် အားကစားနည်းတွင် ဝင်ရောက် ယှဉ်ပြိုင်သော အမျိုးသမီးအားကစားသမားများအား တွေ့ရစဉ်(ဓာတ်ပုံ - အားကစား နှင့် ကာယပညာ ဦးစီးဌာန)

ရန်ကုန် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပလျက်ရှိသောအကြိမ် ၃၀ မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ အတွက်  တတိယမြောက် ရွှေတံဆိပ်ဆုကို လှေလှော်အားကစားနည်းမှ ရရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

Subic မြို့ Malawaan Park ၌ ဒီဇင်ဘာ ၇ ရက်က ကျင်းပသည့် အမျိုးသမီးရိုးရာလှေ မီတာ(၂ဝဝ) လေးယောက်တွဲ ပြိုင်ပွဲတွင် မြန်မာ အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်ရာ ရွှေတံဆိပ် (၁)ခု ထပ်မံဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ဆီးဂိမ်း ပြိုင်ပွဲများတွင် မြန်မာနိုင်ငံ အတွက် ရွှေတံဆိပ်ဆုများကို အားနစ် အားကစားနည်းမှ ၁ ခု ၊ ဘိလိယက် အားကစားနည်းမှ ၁ ခုနှင့် လှေလှော် အားကစားနည်းမှ ၁ ခုတို့ အသီးသီး ရရှိထားကြောင်း သိရသည်။မြန်မာနိုင်ငံ အနေဖြင့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ၌ ဒီဇင်ဘာ ၇ ရက် အထိ ဆုတံဆိပ်ရရှိမှုမှာ ရွှေ(၃)ခု၊ ငွေ(၁၁)ခု၊ ကြေး(၂၈)ခု ရရှိပြီး အဆင့်(၇)နေရာတွင် ရပ်တည်နေကြောင်း သိရသည်။(Xinhua)