Connect with us

Sport

မြန်မာဘော်လီဘောအသင်း ဆီမီးဖိုင်နယ် တက်ရောက်

မြန်မာဘောလီဘောအသင်းယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ-- ကြေးမုံ)

ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) 

ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပနေသည့် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲ၏ ဘော်လီဘော အုပ်စု ပွဲစဉ်တွင် မြန်မာဘော်လီဘောအသင်း အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ် တက်ရောက် ခဲ့ပြီး ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဒီဇင်ဘာ ၈ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်း၊ ထိုင်းအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ တို့ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။ 

အုပ်စု (က) တွင် ထိုင်းအသင်းကနှစ်ပွဲစလုံးအနိုင်ရကာ ပထမ၊ မြန်မာ အသင်းက တစ်ပွဲနိုင်၊ တစ်ပွဲရှုံးဖြင့် ဒုတိယ၊ အုပ်စု (ခ)တွင် အင်ဒိုနီးရှား အသင်းက သုံးပွဲစလုံးအနိုင်ရကာ ပထမ၊ အိမ်ရှင် ဖိလစ်ပိုင်အသင်းက နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးဖြင့် ဒုတိယရကာ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည်။ အုပ်စုနောက်ဆုံးနေ့တွင် ထိုင်းအသင်း က မြန်မာအသင်းကို သုံးပွဲပြတ်၊ အင်ဒိုနီးရှားအသင်းက အိမ်ရှင် ဖိလစ် ပိုင်အသင်းကိုသုံးပွဲပြတ်ဖြင့် အနိုင်ရခဲ့ကြောင်း ကြေးမုံသတင်းစာတွင် ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117