Connect with us

Sport

ဆီးဂိမ်း၌ မြန်မာ အမျိုးသမီး အသင်း အုပ်စု ပထမဖြင့် အကြို ဗိုလ်လုပွဲတက်

မြန်မာ အမျိုးသမီး အသင်း၏ အနိုင်ရလဒ်အား တွေ့ရစဉ်(ဓာတ်ပုံ - Myanmar Football Federation)

ရန်ကုန် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) 

အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပွဲ(Sea Games)အမျိုးသမီး ဘောလုံး ပြိုင်ပွဲအုပ်စု က ပွဲစဉ် များကို ဒီဇင်ဘာ ၂ ရက်တွင် ကျင်း ပခဲ့ရာ မြန်မာ အမျိုးသမီး အသင်း က မလေးရှားအမျိုးသမီး အသင်းကို ငါးဂိုး-ဂိုးမရှိ ဖြင့် အနိုင် ရရှိခဲ့ပြီး  အုပ်စု ပထမဖြင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက် သွားခဲ့ကြောင်း သိရသည်။

မြန်မာ အမျိုးသမီး ဘောလုံး အသင်းသည် ယခုပွဲတွင် အနိုင်ရရှိပြီးနောက် အိမ်ရှင် ဖိလစ်ပိုင်နှင့် ရမှတ်တူ ၊ ဂိုးကွာခြားချက် တူသော်လည်း Fair Play စည်းမျဉ်းအရ အုပ်စု ပထမဖြင့် အကြိုဗိုလ်လုပွဲ တက်ရောက် သွားခဲ့ခြင်း ဖြစ်သည်။ အုပ်စု (ခ) တွင် ဗီယက်နမ်က အုပ်စုပထမ ၊ထိုင်းက အုပ်စု ဒုတိယဖြင့် အကြိုဗိုလ်လုပွဲ တက်ရောက်လာခဲ့ရာ မြန်မာ အမျိုးသမီး အသင်းသည် ထိုင်းအမျိုးသမီးအသင်းနှင့် အကြိုဗိုလ်လုပွဲတွင် ကစားရမည် ဖြစ်ကြောင်း ၊ ယင်း ပွဲစဉ်ကို ဒီဇင်ဘာလ ၅ ရက်၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.