Connect with us

Sport

ပရီမီယာလိဂ် ချန်ပီယံ လက်စတာစီးတီး အသင်း ရွှေတိဂုံ စေတီတော်သို့ နေ့ချင်းပြန် လာရောက် ဖူးမြော်

လက်စတာစီးတီးအသင်း ရွှေတိဂုံစေတီတော်အား ဖူးမြော်စဉ် (ဓာတ်ပုံ-M.O.I)

ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ)

၂ဝ၁၅-၂ဝ၁၆ ခုနှစ် အင်္ဂလန် ပရီမီယာလိဂ် ဘောလုံးပြိုင်ပွဲတွင် အမှတ်ပေး ချန်ပီယံ ဖြစ်လာခဲ့သည့် လက်စတာစီးတီး ဘောလုံးအသင်းသည် ထိုင်းနိုင်ငံမှ တဆင့် ရန်ကုန်မြို့သို့ လာရောက် ဘုရားဖူးပြီးသည့်နောက် နေ့ချင်းပြီး ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ဦးစိုးမိုးက “ သူတို့ အသင်းက Tour နဲ့လာတာပါ။ မေလ ၂၂ ရက်နေ့က ရောက်ပြီး အဲ့ဒီ့နေ့မှာပဲ နေ့ချင်းပြီး ပြန်သွားကြတာပါ’’ ဟုဆင်ဟွာကို ပြောသည်။
၎င်းလက်စတာ ဘောလုံးအသင်းသည် မေလ ၂၂ ရက် ညနေပိုင်းတွင် ထိုင်းနိုင်ငံမှ တစ်ဆင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး လေဆိပ်မှ တစ်ဆင့် ရွှေတိဂုံ စေတီတော်သို့ လာရောက် ဖူးမြော်ခဲ့သည်။
အဆိုပါ အသင်းမှ ဥက္ကဋ္ဌ ဗီချာဆရီဗာဒါနာပရာဘတ်နှင့်အတူ အသင်းနည်းပြ ရာနီရေးရီနှင့် ကစားသမားအချို့ သည် ရွှေတိဂုံစေတီတော် အောင်မြေတွင် ဘုရား ကန်တော့ပြီးနောက် တောင်ဘက်မုခ်မှ ပြန်ဆင်းကာ Air Asia လေယာဉ်ဖြင့်ပင် ချက်ချင်း ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
လက်စတား အသင်းကို ထိုင်းနိုင်ငံ King Power International အဖွဲ့အစည်းက ပိုင်ဆိုင်ပြီး ၂ဝ၁၅ ခုနှစ် ပရီမီယာလိဂ် ပွဲစဉ်များ မစမီအချိန်က ရွှေတိဂုံဘုရားသို့ ယင်းအဖွဲ့အစည်းမှ ဥက္ကဋ္ဌ ဗီချာ ဆရီဗာဒါနာ ပရာဘတ်နှင့် အဖွဲ့ဝင်များ လာရောက် ဖူးမြော်ခဲ့ကြသည်။ ယင်းနောက်၂ဝ၁၅ ၊၂ဝ၁၆ ခုနှစ် ပရီမီယာ လိဂ် ပွဲစဉ်တွင် လက်စတာအသင်းသည် နာမည်ကြီး အသင်းများဖြစ်သည့် အာဆင်နယ်၊ မန်ယူ၊ ချယ်လ်ဆီး၊ မန်စီးတီး အသင်းများကိုကျော်ဖြတ်ကာ ပထမဆုံးအကြိမ် ပရီမီယာလိဂ် ချန်ပီယံ ဖြစ်လာသည်။
လက်စတာ အသင်းသည် ပရီမီယာလိဂ် ဖလားနှင့်အတူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အောင်ပွဲခံခဲ့ပြီး ထိုင်းနိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံသို့ လာရောက်ကာ ရွှေတိဂုံဘုရားသို့ ဖူးမြော်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.