Connect with us

Sport

ဘောလုံးအကယ်ဒမီ (ရန်ကုန်) ဖွင့်ပွဲကို ဖီဖာဥက္ကဋ္ဌ တက်ရောက်မည်

ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က တည်ဆောက်လျက်ရှိသည့် အမျိုးသား ဘောလုံးအကယ်ဒမီ (ရန်ကုန်) ဖွင့်ပွဲကို ဖီဖာ (ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်) ဥက္ကဋ္ဌ အင်ဖန်တီနို တက်ရောက်မည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းတွင် ကျင်းပမည်ဖြစ်ပြီး ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို တက်ရောက်ဖွင့်လှစ်ပေး မည်ဖြစ်သည်။အင်ဖန်တီနိုသည် ဖီဖာဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီးနောက်ပိုင်း မြန်မာ နိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်ပြီး တစ်ရက်ကြာခရီးစဉ်အဖြစ် လာ ရောက်မည်ဖြစ်သည်။

ယင်းဘောလုံးအကယ်ဒမီကို ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)၏ ပံ့ပိုးငွေနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ တည်ထောင်ထားသော ဧရာဝတီ ဖောင်ဒေးရှင်းမှ ပံ့ပိုးမှုပူးတွဲ၍ တည်ဆောက်ထားခြင်းဖြစ်သည်။ အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်)တွင် အကယ်ဒမီအဆောက်အအုံ၊ မြက်ခင်းတုလေ့ကျင့်ရေးကွင်း နှစ်ကွင်းတို့ ပါဝင်ပြီး ဒေါ်လာ ၂,၇၈၄,၇၉၄ အကုန်ကျခံကာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို တက်ရောက်မည်ဖြစ်သောကြောင့် အာရှ ဘောလုံးအဖွဲ့ချုပ်နှင့် အာဆီယံဘောလုံးအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ အာရှဒေသတွင်း ဘောလုံးအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများလည်း တက်ရောက်မည်ဖြစ်သည်။

အာရှဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ရှိတ်ဆယ်လ်မန်သည် ပြီးခဲ့သည့် နိုဝင်ဘာလက အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်) တည်ဆောက်နေမှုများအား လာရောက်ကြည့်ရှုစစ်ဆေးခဲ့ သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ ဘောလုံးအကယ်ဒမီသုံးခု တည်ထောင်ထားပြီး မန္တလေး နှင့် ပုသိမ်မြို့ရှိ ဘောလုံးအကယ်ဒမီများတွင် လူငယ်ကစားသမားများကို သင်ကြားပေးလျက်ရှိသည်။

မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)ကို ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလတွင်ဖွင့်လှစ်ခဲ့ပြီး ယခင်ဖီဖာဥက္ကဋ္ဌဟောင်း ဆပ်ဘလတ္တာ တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.