Connect with us

Sport

မလေးရှား မြားပစ် ပြိုင်ပွဲတွင် မြားပစ် ကလပ် အသင်း ၅၂ သင်းအနက် မြန်မာအသင်းမှ ရွှေတံဆိပ် ၂ ခု ၊ ငွေတံဆိပ် ၁ ခုဖြင့် တတိယ နေရာတွင် ရပ်တည်နိုင်ခဲ့

မြန်မာ မြားပစ် အသင်းအား ဆုဖလားများနှင့် အတူ တွေ့ ရစဉ်(ဓာတ်ပုံ-အားကစားနှင့် ကာယ ပညာဦးစီးဌာန)

ရန်ကုန် ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ)

မလေးရှား နိုင်ငံ၌ ကျင်းပလျက် ရှိသည့် PKS Unisza Open 2016 နှင့် 3rd National Circuit ပြိုင်ပွဲတွင် မြန်မာ မြားပစ် အားကစား အဖွဲ့မှ အောက်တိုဘာ ၂ ရက် ပြိုင်ပွဲများ အပြီးတွင် ရွှေတံဆိပ် ၂ ခု နှင့် ငွေတံဆိပ် ၁ ခု ဆွတ်ခူး ရရှိပြီး တတိယ နေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ သိရသည်။

ထိုပြိုင်ပွဲတွင် မြန်မာ ၊ ထိုင်း ၊ အင်ဒိုနီးရှား ၊ စကာၤပူ ၊ ဆော်ဒီအာရေး ဗီးယားနှင့် မလေးရှားနိုင်ငံတို့မှ မြားပစ် ကလပ် အသင်းပေါင်း ၅၂ သင်း တို့မှ Compound အမျိုးသမီး ၄၅ ဦး ၊ အမျိုးသား ၉၁ ဦး ၊ Recurve အမျိုးသမီး ၇၀ ဦး ၊ အမျိုးသား ၁၀၂ ဦး စုစုပေါင်း မြားပစ်ကစားသမား ၃၀၈ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သောကြောင့် အရှေ့တောင် အာရှ အတွင်း ပြိုင်ပွဲဝင် ဦးရေ အများဆုံး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော ပြိုင်ပွဲ ဖြစ်ပြီး ပြိုင်ပွဲများ အပြီးတွင် မြန်မာ အသင်းမှ တတိယ နေရာတွင် ရပ်တည်နိုင်ခဲ့ပြီး ဆုဖလား နှင့် RAM 500 ရရှိခဲ့ကြောင်း သိရသည်။

မြန်မာ့မြားပစ် အသင်း အတွက် ဆုတံဆိပ်များကို Mix Team မှ ထိုက်လင်းဦး နှင့် စန်းယုထွေး တို့အတွဲက မလေးရှား Mix Team အား (၆-ဝ) ၊ ၃ ပွဲပြတ်ဖြင့် အနိုင်ရရှိကာ ပထမ ရွှေတံဆိပ် ၁ ခု ၊ စန်းယုထွေးမှ Recurve တစ်ဦးချင်း မြား ၇၂ ချောင်း အမှတ်ပေး ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခု နှင့် တစ်ဦးချင်း ရှုံး/ထွက် ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု ရယူပေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.