Connect with us

Sport

စင်ကာပူ ယူ၂၂(ခ) အသင်း ရန်ကုန်တွင် လေ့ကျင့်ယှဉ်ပြိုင်ပွဲလာရောက်ကစား

စင်ကာပူ ယူ၂၂(ခ) အသင်း နှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားဟစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

စင်ကာပူ ယူ၂၂(ခ) အသင်းသည် ရန်ကုန်မြို့သို့ လာရောက်၍ ယနေ့နံနက် (၉)နာရီက YTC ကွင်းတွင် လေ့ကျင့်ရေး ခြေစမ်းပွဲ Training Match (လေ့ကျင့်ယှဉ်ပြိုင်ပွဲ) အဖြစ် မြန်မာ ယူ၂၂(ခ) အသင်းနှင့် ခြေစမ်းကစားခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

Training Match ဖြစ်သောကြောင့် မနက်ပိုင်းတွင်သာ ကစားခြင်းဖြစ်ပြီး သာမန် ပွဲကစားချိန် အတိုင်း (၄၅)မိနစ်စီ နှစ်ပိုင်းခွဲ ကစားခဲ့ကြောင်း သိရသည်။

ခြေစမ်းပွဲအတွက် မြန်မာ နေရှင်နယ်လိဂ်(၂)တွင် ယှဉ်ပြိုင် ကစားနေသည့် နည်းပြ ဦးညီညီလတ် ကိုင်တွယ်နေသော အသက် (၁၈)နှစ်အောက် လူငယ်အသင်း ဖြစ်သည့် ဖီးနစ်အသင်းအား မြန်မာ ယူ-၂၂(ခ) အသင်းအဖြစ် သတ်မှတ်၍ စင်ကာပူ ယူ-၂၂(ခ) အသင်းနှင့် လေ့ကျင့်ခြေစမ်း စေခဲ့ကြောင်း သိရသည်။

ပထမ ပိုင်း ၃၉ မိနစ်တွင် စင်ကာပူ အသင်းက လူကျွံထောင်ချောက်ကို အသုံးချသွားပြီး (၁-ဝ)ဂိုးဖြင့် ဦးဆောင်ထား ခဲ့သည်။ ဒုတိယပိုင်းတွင် ပိုမို အကြိတ်အနယ် ရှိလာခဲ့ပြီး စင်ကာပူ လူငယ်က ပြိုင်ဘက်နောက်တန်း အားနည်းချက်ကို အခွင့်ကောင်း ယူနိုင်ခဲ့ကာ ဒုတိယဂိုး ထပ်မံ ရရှိခဲ့ပြီး မြန်မာ လူငယ်က ပွဲချိန် ၈၁ မိနစ်တွင် ဟိန်းထက်အောင်၏ သွင်းဂိုးဖြင့် ချေပဂိုး တစ်ဂိုး ပြန်လည် ရရှိခဲ့သည်။

ပွဲအပြီးတွင် (၃-၁)ဂိုးဖြင့် စင်ကာပူ ယူ-၂၂(ခ) အသင်းက အနိုင်ရခဲ့ကြောင်း၊ စင်ကာပူအသင်း သည် လာမည့် ဆီးဂိမ်းစ်အတွက် ကြိုတင်ပြင်ဆင်မှု အနေဖြင့် ယခုကဲ့သို့ ခြေစမ်းပွဲ လာရောက် ကစားခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.