Connect with us

Sport

အရှေ့တောင်အာရှကစားပြိုင်ပွဲ အောင်နိုင်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်နှင့် လက်ရွေးစင်အသင်းတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥကဋ္ဌ ဦးဇော်ဇော်နှင့် လက်ရွေးစင်အသင်းတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၉ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်း၊ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၊ မြန်မာ့လက်ရွေးစင် ဖူဆယ် (အမျိုးသား၊အမျိုးသမီး)အသင်းများ ပြင်ဆင်နေမှုအခြေအနေများ နှင့် အောင်မြင်မှုရရှိရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၊လက်ရွေးစင်အသင်းတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၉ရက်နေ့ နေ့လည်ပိုင်းက Novotel Hotel ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်မှ လက်ရွေးစင်အသင်း နှင့် တာဝန်ရှိသူများ ပိုမိုကြိုးစားရန်မှာကြားခဲ့ပြီး လက်ရွေးစင်အသင်းနည်းပြများမှလည်း အသင်းများဖွဲ့စည်း ပြင်ဆင်နေမှုများကိုတင်ပြခဲ့သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများမှလည်း အသင်းများသို့ ပံ့ပိုးနေမှုများ၊ ခြေစမ်းပွဲစီစဉ်ထားရှိမှုများ ကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.