Connect with us

Sport

မြန်မာနှင့်ထိုင်း လက်ရွေးစင်ဘောလုံးအသင်း ခြေစမ်းပွဲအား အောက်တိုဘာ ၅ ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည်

မြန်မာ နှင့် ထိုင်းလက်ရွေးစင်အသင်း ခြေစမ်းပွဲကြော်ငြာအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

မြန်မာနှင့်ထိုင်း လက်ရွေးစင်ဘောလုံးအသင်း ခြေစမ်းပွဲအား လာမည့် အောက်တိုဘာ ၅ ရက်နေ့၊ ညနေ(၆း၃၀)နာရီ၊ မန္တလေးမြို့ရှိ မန္တလာသီရိကွင်းကြီးတွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါခြေစမ်းပွဲအတွက် လက်မှတ်ခနှုန်းထားအဖြစ် အထူးတန်း ၃၀၀၀ ကျပ်၊ ရိုးရိုးတန်း ၂၀၀၀ ကျပ် သက်မှတ်ထားကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အသင်းသည် ကာဂျစ္စတန် အသင်းနှင့် အောက်တိုဘာ ၁၀ ရက်နေ့တွင် အာရှဖလားခြေစစ်ပွဲအဖြစ် ရန်ကုန်မြို့တွင် ယှဉ်ပြိုင် ကစားရန်ရှိရာ ယင်းအတွက် ကြိုတင်ပြင်ဆင်မှု တစ်ရပ် အနေဖြင့် ထိုင်း လက်ရွေးစင် အသင်းကြီးအား ဖိတ်ခေါ် ခြေစမ်းခြင်း ဖြစ်ကြောင်း၊ ထိုင်းလက်ရွေးစင်အသင်းတွင် လက်ရှိကမ္ဘာ့ဖလားခြေစစ်ပွဲများ ပါဝင်ကစားနေသော လက်ရွေးစင်ကစားသမားများ ပါဝင်လာမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.