Connect with us

Sport

၂ဝ၁၇ ဆီးဂိမ်းပြိုင်ပွဲ အကြိုဖိတ်ခေါ် ခြင်းလုံးပြိုင်ပွဲ မေလတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ၌ ကျင်းပမည်

မြန်မာခြင်းလုံးအသင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- မြဝတီ)

ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ၂ဝ၁၇ ဆီးဂိမ်းပြိုင်ပွဲ အကြိုဖိတ်ခေါ် ခြင်းလုံးပြိုင်ပွဲကို မေလတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ၌ ကျင်းပသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်မှ သိရသည်။

ယင်းဖိတ်ခေါ် ပြိုင်ပွဲကို မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်နှင့် အာရှခြင်းလုံး အဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပခြင်း ဖြစ်ကြောင်း ၊ အဆိုပါပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် အာဆီယံ ဒေသတွင်း အသင်းများနှင့် အာရှအသင်းများ ကိုပါ ဖိတ်ကြား ထားကြောင်း ၊ ပြိုင်ပွဲဝင်မည့် အာဆီယံဒေသတွင်း အသင်းများတွင် ထိုင်း ၊ ကမ္ဘောဒီးယား ၊ လာအို ၊ မလေးရှားနှင့် ဖိလစ်ပိုင် အသင်းတို့ပါဝင်မည် ဖြစ်ပြီး အာရှဒေသတွင်းမှ ဂျပန်နှင့် တောင်ကိုရီးယား အသင်းတို့ကိုလည်း ဖိတ်ကြားထားကာ ပြိုင်ပွဲဝင် အသင်း အရေအတွက် ထပ်မံတိုးမြင့် လာဖွယ်ရှိကြောင်း မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး ၏ ပြောကြားချက်အရသိရသည်။ (Xinhua)