Connect with us

Sport

၂ဝ၁၆ ရီယို နွေရာသီအိုလံပစ်ပြိုင်ပွဲတွင် မြားပစ်ပြိုင်ပွဲတွင် မြန်မာအားကစားမယ် စန်းယုထွေး ၁၆ ဦးအဆင့် သို့တက်ရောက်နိုင်

မြန်မာအားကစားမယ် စန်းယုထွေးယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ၌ကျင်းပလျက်ရှိသည့် ၂ဝ၁၆ ရီယို နွေရာသီအိုလံပစ်ပြိုင်ပွဲ ၏ မြားပစ်ပြိုင်ပွဲတွင် မြန်မာအားကစားမယ် စန်းယုထွေး သည် ၁၆ ဦးအဆင့်သို့ တက်ရောက်နိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

မြားပစ်ပြိုင်ပွဲကို သြဂုတ်လ ၈ရက်နေ့တွင် စတင်ကျင်းပခြင်းဖြစ်သည်။ စန်းယုထွေးယှဉ်ပြိုင်သည့် အမျိုးသမီးRecurveတစ်ဦးချင်းပြိုင်ပွဲကို ကစားသမား ၆၄ ဦး ယှဉ်ပြိုင်ခဲ့ပြီး ပထမအဆင့်တွင် ဖင်လန်ကစားသမား ကူပါနှင့် တွေ့ဆုံခဲ့သည်။ ပြိုင်ပွဲမစတင်မီ ပစ်ခတ်ရသည့်Ranking Round တွင် စန်းယုထွေးသည် အဆင့် ၅၁ သာ ရသောကြောင့် အဆင့် ၁၄ ရရှိသည့် ကူပါ (ဖင်လန်)နှင့် တွေ့ဆုံခြင်းဖြစ်သည်။ စန်းယုထွေးသည် အမှားနည်းပြီး အကောင်းဆုံးပစ်ခတ်နိုင်ခဲ့ကာ ပထမအဆင့် တွင် ကူပါကို (၇-၃)မှတ်ဖြင့် အနိုင်ရရှိ ခဲ့သည်။ စန်းယုထွေးသည် ဒုတိယအဆင့် တွင် အီတလီနိုင်ငံသူ ဗန်ဒီရာကို အနိုင်ရ လာသည့် အမေရိကန်နိုင်ငံသူ ဘရောင်းနှင့်ယှဉ်ပြိုင်ခဲ့ရသည်။
စန်းယုထွေးသည် ဘရောင်း(အမေရိကန်)ကို (၇-၃)မှတ်ဖြင့် ထပ်မံအနိုင်ရရှိကာ ၁၆ ဦးအဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ စန်းယုထွေးနှင့် ၁၆ ဦးအဆင့်(တတိယအဆင့်)တွင် တွေ့ဆုံနိုင်သည့်ပြိုင်ဘက်မှာ မြန်မာစံတော် ချိန် ယနေ့ ၉ ရက် နံနက်အစောပိုင်းမှ ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ထွက်ပေါ်လာခြင်း မရှိ သေးဘဲကမ္ဘာ့မြားပစ်ထိပ်သီး တောင်ကိုရီးယား အပါအဝင် ယူကရိန်း၊ အက်စ်တိုး နီးယား၊ ကင်ညာ ကစားသမား တစ်ဦးနှင့် တွေ့ဆုံဖွယ်ရှိရာ ကွာတားဖိုင်နယ် တက် ရောက်ရန်အစွမ်း ကုန်ကြိုးပမ်းရဖွယ်ရှိနေကြောင်း သိရသည်။
၂ဝ၁၆ရီယိုအိုလံပစ်ပြိုင်ပွဲကို မြန်မာနိုင်ငံမှ မြားပစ်၊ သေနတ်ပစ်၊ ရေကူး၊ ပြေးခုန်ပစ်နှင့် ဂျူဒိုအားကစားနည်း ငါးမျိုးတွင်ကစားသမားခုနစ်ဦးဖြင့် ယှဉ် ပြိုင်နေ ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.