Connect with us

Sport

မြန်မာယူ-၁၈ ဘောလုံး အသင်း အနီးကပ်စခန်းသွင်း လေ့ကျင့်မှုများ စတင်

မြန်မာယူ- ၁၈ အသင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

အာဆီယံ အသက် (၁၈)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ပဏာမ မြန်မာယူ-၁၈ အသင်းသည် ကစားသမား (၂၆)ဦးဖြင့် Goal Hotel ၌ အနီးကပ် စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

မြန်မာယူ-၁၈ အသင်းအနေဖြင့် အာဆီယံဘောလုံးပြိုင်ပွဲ မတိုင်မီ တစ်လကျော်ကြာ စခန်းသွင်းလေ့ကျင့်မည်ဖြစ်ကာ ခြေစမ်းပွဲစဉ်များအဖြစ် အင်တာမီလန် ယူ-၁၈ အသင်း၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းကြီး တစ်သင်းဖြစ်သည့် ရှမ်းယူနိုက်တက်တို့နှင့် ခြေစမ်းပွဲများ ကစားရန် စီစဉ်ထားပြီး အာဆီယံ ပြိုင်ဘက် အသင်းတစ်သင်းနှင့် ထပ်မံ ခြေစမ်းကစားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ မြန်မာယူ-၁၈ အသင်းကို ပြင်သစ်လူမျိုး နည်းပြ မစ္စတာ ရာဘာ့ဘန်လာဘီက နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်လျက်ရှိကြောင်း သိရသည်။

ပဏာမ လက်ရွေးစင် ကစားသမား (၂၆)ဦးမှာဂိုး – ထွန်းနန္ဒဦး (မြဝတီအက်ဖ်စီ)၊ ထက်ဝေလျံစိုး၊ အောင်မြင့်မြတ် (မြန်မာဘောလုံး အကယ်ဒမီ)၊ နောက်တန်း – သက်ပိုင်ထွေး၊ စည်သူမိုးခန့်၊ အောင်ဝဏ္ဏစိုး၊ သူရစံ၊ ကျော်ဖြိုးဝေ (မြန်မာဘောလုံး အကယ်ဒမီ)၊ စိုးမိုးကျော်၊ သန်းထိုက်ဇင် (အားကာသိပ္ပံ)၊ နိုင်ကိုကို (ရန်ကုန်ယူနိုက်တက်)၊ ပြည့်ဖြိုးမောင် (မကွေးအက်ဖ်စီ)၊အလယ်တန်း – သက်ပိုင်ထူး၊ မြတ်ကောင်းခန့်၊ အောင်မိုးသူ (မြန်မာဘောလုံး အကယ်ဒမီ)၊ လွင်မိုးအောင်၊ ဝေလင်းအောင် (အားကာသိပ္ပံ)၊ ဝဏ္ဏထွန်း (မကွေးအက်ဖ်စီ)၊ အံ့မော်ဦး (ရတနာပုံ အက်ဖ်စီ)၊ မင်းထူးအိမ်လင်း (တက္ကသိုလ်ဘောလုံးအသင်း)၊ ရှေ့တန်း – ဟိန်းထက်အောင်၊ ပြည့်စုံနိုင်၊ ထက်ဖြိုးဝေ၊ ဝင်းနိုင်ထွန်း (မြန်မာဘောလုံးအကယ်ဒမီ)၊ ဝေယံဦး (မန္တလေးတိုင်းဒေသကြီး)၊ ခင်ကျော်ဝင်း (အားကာသိပ္ပံ) တို့ ဖြစ်ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.