Connect with us

Sport

အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ် အသင်း စခန်းသွင်းလေ့ကျင့်မည်

မြန်မာယူ၂၀ဖူဆယ်လက်ရွေးစင်အသင်း နှင့် ကာတာယူ၂၀ ဖူဆယ်လက်ရွေးစင်အသင်းတို့ အာရှဖလားပြိုင်ပွဲတွင် ယှဉ်ပြိုင်နေစဉ်) (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ)

အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) ဝင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်(Futsal) အသင်းကို ဇွန်လတတိယပတ်အတွင်း စတင်စခန်း သွင်း လေ့ကျင့် မည် ဖြစ်ပြီး ပြည်ပ နိုင်ငံများသို့လည်း သွားရောက် လေ့ကျင့်ရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ် အသင်းတွင် ပဏာမကစားသမား ၃ဝ ဦး ရွေးချယ်ထားပြီး နည်းပြချုပ် အဖြစ် အီရန် နိုင်ငံသား ရီဇာက ဆောင်ရွက်မည်ဖြစ် သည်။

၂ဝ၁၇ ဖူဆယ်လိဂ်ပြိုင်ပွဲသည် ယမန် နေ့ကပြီးဆုံးခဲ့ရာ ဖူဆယ်လိဂ်ပြိုင်ပွဲပြီးနောက် ကစားသမားများကို တစ်ပတ်ခန့် အနားပေး မည်ဖြစ်ပြီး လက်ရွေးစင်အမျိုးသားဖူဆယ်အသင်းကို ဇွန်လတတိယပတ်အတွင်း စတင် စခန်းသွင်းလေ့ကျင့်ရန် စီစဉ်ထားကြောင်း သိရသည်။

အမျိုးသားဖူဆယ်အသင်းအနေဖြင့် ပြည်ပ နိုင်ငံသို့ သွားရောက်လေ့ကျင့်ရန် စီစဉ်ထားသော်လည်း လက်ရှိတွင် သွားရောက် မည့်နိုင်ငံကို မသတ်မှတ်ရသေးကြောင်း သိရသည်။

ဆီးဂိမ်းပြိုင်ပွဲဝင်မည့် လက်ရွေးစင် အမျိုးသမီးဖူဆယ် အသင်းသည် ဇွန် ၁ ရက်ကစ၍ ကစားသမား ၂၄ ဦးဖြင့် စတင်လေ့ကျင့်နေပြီး ဇူလိုင်လအတွင်း ထိုင်းနိုင်ငံသို့ သွားရောက် လေ့ကျင့်မည်ဖြစ်ကာ ခြေစမ်း ပွဲများ ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.