Connect with us

Sport

မြန်မာ-ထိုင်းရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲဇန်နဝါရီ ၅ ရက်နေ့တွင် ကျင်းပမည်

မြန်မာ-ထိုင်း လက်ဝှေ့စိန်ခေါ်ပွဲကြော်ငြာအားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး Naing Moe Entertainment နှင့် Myanmar Media Management က စီစဉ်သော (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြန်မာ-ထိုင်းရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ကို ဇန်နဝါရီ ၅ ရက် မွန်းလွဲ ၁ နာရီတွင် တောင်ငူမြို့ မိုးလုံလေလုံ ခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

အဆိုပါ မြန်မာ-ထိုင်း ငါးချီစိန်ခေါ်ပွဲတွင် ရိုးရာလက်ဝှေ့ချန်ပီယံ ၂ဝ၁၆ ဖျံသွေး(ရွှေမိုးတိမ်ငြိမ်းချမ်းရေး) နှင့် ထိုင်းဖိုက်ချန်ပီယံ စင်းမန်းဦး(ထိုင်း) တို့ ယှဉ်ပြိုင်ထိုးသတ် မည်ဖြစ်သည်။ ဖျံသွေးသည် ဒီဇင်ဘာ ၁၁ ရက်က မွေထိုင်းချန်ပီယံနျူကလီးယားဟာဒီ (အီရန်)ကို သရေထိုးနိုင်ခဲ့သူဖြစ်သည်။ ထွန်းနိုင်ဦး (STLတောင်ငူ ) နှင့် ယော့သစ် (ဒ) ပက်ထနန်(ထိုင်း) တို့ ပဝါမကူရေမရှူစတမ်းယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ပြည်တွင်း ငါးချီစိန်ခေါ်ပွဲတွင် နေရှုဘီ (STLတောင်ငူ ) နှင့် ချိုင်ထူး(နဂါးမာန်)၊ သိန်းညီညီ(တောင်ငူအဖြူရောင်သွေးသစ်) နှင့် သားကျော်ဖြောင့် T&T သထုံ၊ စောသားငယ်(တောင်ငူ) နှင့်ဟံသာဝတီသား (အဖြူရောင်သွေးသစ်) စောသားကြီး (တောင်ငူ) နှင့် ဝနအောင် (ရိုးရာပုဂံ)၊ ထယ်ကြီး (STL) နှင့် ဒိုးလေး (၁) ဇွဲမာန် (ရိုးရာပုဂံ) တို့အပါအဝင် ကြားပွဲလေးပွဲ စုစုပေါင်း ၁၁ ပွဲ ယှဉ်ပြိုင်ထိုး သတ်ကြမည်ဖြစ်ကာ ဝင်ကြေးငွေကျပ် ၁ဝ,ဝဝဝ၊ ၁၅,ဝဝဝ သတ်မှတ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.