Connect with us

Sport

အာရှဖလား နောက်ဆုံးအဆင့် ခြေစစ်ပွဲအတွက် အပြီးသတ် (၂၄)သင်း စာရင်းထုတ်ပြန်

အာရှဖလားအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

ယူအေအီး နိုင်ငံတွင် ၂၀၁၉ ခုနှစ်အတွင်း ကျင်းပမည့် အာရှဖလား ၂၀၁၉ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရေး ခြေစစ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရသည့် မြန်မာ့လက်ရွေးစင်အသင်း အပါအဝင် အသင်း (၂၄) သင်းစာရင်းကို အာရှ ဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

အာရှဖလား ခြေစစ်ပွဲ ဝင်ရောက်ခွင့်ရခဲ့သည့် အသင်း (၂၄)သင်းကိုအုပ်စု(၁)ခုလျှင် ၆သင်း နှုန်းဖြင့် (၄) ခု ခွဲကာ ဇန်နဝါရီလ (၂၃) ရက်နေ့တွင် မဲခွဲပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဂျော်ဒန်၊ အိုမန်၊ ဖိလစ်ပိုင်၊ ဘာရိန်း၊ ကာဂျစ်စတန်၊ မြောက်ကိုရီးယား အသင်းများက အဆင့်(၁) (Pot-1)၊

အိန္ဒိယ၊ ပါလက်စတိုင်း၊ တာဂျစ်စတန်၊ ဗီယက်နမ်၊ ဟောင်ကောင်၊တာ့ခ်မင်နစ္စတန် အသင်းများကအဆင့်(၂) (Pot-2) ၊မော်လဒိုက်၊ လက်ဘနွန်၊ ယီမင်၊ အာဖဂန်နစ္စတန်၊ တရုတ် တိုင်ပေ၊ မြန်မာအသင်းများက အဆင့် (၃) (Pot-4)နှင့်မလေးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ နီပေါ၊ ဘူတန်၊ မကာအို အသင်း များက အဆင့်(၄)(Pot-4) တွင် ပါဝင်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် အာရှဖလား ခြေစစ်ပွဲ အဆင့်ကို ၁၉၆၈၊ ၁၉၉၆၊ ၂၀၀၀၊ ၂၀၀၄၊ ၂၀၁၅ ခုနှစ်များတွင် (၅) ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ၁၉၆၈ ခုနှစ်တွင်သာ ခြေစစ်ပွဲအဆင့်ကို ကျော်ဖြတ်ပြီး ၁၉၆၈ အာရှဖလားတွင် ဒုတိယနေရာ ရရှိခဲ့သည်။ ကျန်နှစ်များတွင် ခြေစစ်ပွဲအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

အပြီးသတ် (၂၄) သင်း စာရင်းတွင် မကာအို အသင်း နှင့် နီပေါအသင်းတို့လည်း ပါဝင်လာခဲ့သည်။ အာရှဘောလုံးအဖွဲ့ချုပ်မှ ကျင်းပသည့် ဘောလုံးပြိုင်ပွဲများကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရသည့်

ကူဝိတ်ဘောလုံးအသင်းနေရာတွင် မကာအိုအသင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး အာရှဖလားဘောလုံးပြိုင်ပွဲမှ နှုတ်ထွက်ခဲ့သည့် ဂူအမ် အသင်းနေရာတွင် နီပေါအသင်းက အစားထိုးဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.