Connect with us

Sport

အာရှဘောလုံးအဖွဲ့ချုပ် မှ ကြီးမှူးကျင်းပသည့် (ACL) တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ပြိုင်ပွဲကျင်းပရေး ဒါရိုက်တာ ဦးထွန်းထွန်းအောင်စတင်တာဝန်ထမ်းဆောင်

ဦးထွန်းထွန်းအောင်စတင်တာဝန်ထမ်းဆောင်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

အာရှဘောလုံးအဖွဲ့ချုပ် မှ ကြီးမှူးကျင်းပသည့် AFC Champions League (ACL) တွင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ ပြိုင်ပွဲကျင်းပရေး ဒါရိုက်တာ ဦးထွန်းထွန်းအောင်သည် Match Commissioner (MC) ပြိုင်ပွဲကြီးကြပ်သူ အဖြစ် ယခုနှစ်မှ စတင်ကာ တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မှ သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် နိုင်ငံတကာအဆင့်ပြိုင်ပွဲများ၊ ပြည်တွင်းပြိုင်ပွဲများတွင် တာဝန်ယူနိုင်သည့် ပြိုင်ပွဲကြီးကြပ်သူ MC များထွက်ပေါ်လာစေရေးအတွက် သင်တန်းများကိုနှစ်စဉ် ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

ဦးထွန်းထွန်းအောင်သည် အာရှကလပ်အသင်းများဆိုင်ရာ အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်သည့် ACL ပြိုင်ပွဲတွင် MC အဖြစ် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက် ကိုင်တွယ်ကြီးကြပ်ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန် ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.