Connect with us

Sport

၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်း မလေးရှားအသင်း နှင့် ဒီဇင်ဘာလအတွင်း၌ ခြေစမ်းပွဲကစားမည်

မြန်မာအသင်း၏ ယှဉ်ပြိုင်ကစားဟန်အားတွေ့ရစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းအိမ်ရှင် မလေးရှားအသင်း နှင့် ဒီဇင်ဘာလအတွင်း၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး၊ နည်းပြအဖြစ် ၂ဝ၁၅ ဆီးဂိမ်းပြိုင်ပွဲတွင် ငွေဆုရယူပေးခဲ့သည့် ဦးကြည်လွင် ကိုင်တွယ်မည် ဖြစ်သည့်အပြင် ယူ-၂ဝ ကမ္ဘာ့ဖလား ပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည့် ကစားသမား များပါဝင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

မြန်မာယူ-၂၂ အသင်းနှင့် မလေးရှား ယူ-၂၂ အသင်းသည် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဒီဇင်ဘာ ၉၊ ၁၂ ရက်တို့တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါ ခြေစမ်းပွဲယှဉ်ပြိုင်ကစားရန် မလေးရှား ဘောလုံးအဖွဲ့ချုပ်က ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က မြန်မာ ယူ-၂၂ အသင်းအတွက် အကျိုးရှိမည့် ခြေစမ်းပွဲဖြစ်သောကြောင့် သဘောတူလက်ခံခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာယူ-၂၂ အသင်းကို ဖွဲ့စည်းရခြင်းမရှိသေးသော်လည်း ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် မြန်မာယူ-၂ဝ အသင်းမှ ကစားသမားများကို အမာခံထားကာ ၂ဝ၁၅ ဆီဂိမ်းပြိုင်ပွဲ ငွေတံဆိပ်ဆုရ ယူ-၂၃ အသင်းမှ အသက်မီသည့် ကစားသမားများ၊ ယူ-၁၉ အသင်းမှ အလားအလာရှိသည့် ကစားသမားများဖြင့် ဖွဲ့စည်းမည်ဖြစ်သည်။ မြန်မာယူ-၂၂ အသင်း ကို ပဏာမကစားသမား ၃ဝ ကျော်ဖြင့် ဖွဲ့စည်းဖွယ်ရှိနေပြီး လူစာရင်းကို ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.