Connect with us

Sport

MMA ကမ္ဘာ့ချန်ပီယံ အဖြစ် မြန်မာ့ စပါးကြီးမြွေ အောင်လ အန်ဆန်း ယှဉ်ပြိုင် အနိုင်ရရှိ

အောင်လအန်ဆန်း နှင့် ဗစ်တာလီ ဘစ်ဒက်ခ်ျ တို့၏ ယှဉ်ပြိုင် ထိုးသတ်မှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၃၀ ရက်(ဆင်ဟွာ)

မြန်မာ့ စပါးကြီးမြွေ အောင်လအန်ဆန်းသည်MMA ခေါ် ONE Championship မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဗစ်တာလီ ဘစ်ဒက်ချ် အား ယနေ့ဇွန် ၃၀ ရက်တွင် ပွဲချိန်ပြည့် ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့သည်။

ONE:LIGHT OF A NATION ပြိုင်ပွဲ၏ အဓိက ပွဲစဉ် အဖြစ် မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲစဉ်တွင် မြန်မာနိုင်ငံ ကိုယ်စားပြု အောင်လ အန်ဆန်း နှင့် ရုရှား နိုင်ငံ ကိုယ်စားပြု ဗစ်တာလီ ဘစ်ဒက်ချ်တို့ ယှဉ်ပြိုင်ရာတွင် ပွဲချီ ၅ ကြိမ် ယှဉ်ပြိုင်ခဲ့ပြီး ပွဲချိန် တစ်လျှောက် အောင်လအန်ဆန်းသည် ပြိုင်ဘက်အားထိရောက်သော လက်သီးချက်များဖြင့်အဓိကအသာစီးရယူ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကာ ပွဲချိန်ပြည့် ယှဉ်ပြိုင်ခဲ့ပြီးနောက် ဒိုင်များ၏ အမှတ်ပေး ဆုံးဖြတ်ချက်ဖြင့် MMA မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အဖြစ် အနိုင်ရရှိခဲ့သည်။

မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ ဖြစ်လာခဲ့သူ အောင်လအန်ဆန်းအား ဆုတံဆိပ်နှင့် အတူ တွေ့ရစဉ်(ဆင်ဟွာ)

မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ ဖြစ်လာခဲ့သူအောင်လ အန်ဆန်က အားလုံးကို ကျေးဇူး တင်ရှိကြောင်း ၊ အားလုံး အားပေးမှုကြောင့် ကမ္ဘာ့ ချန်ပီယံ တစ်ဦး ဖြစ်လာခဲ့ခြင်း ဖြစ်ကြောင်း ၊ မိမိ၏ အိပ်မက်သည် မြန်မာပြည်မှာ တစ်နေ့တွင် ကမ္ဘာ့ ချန်ပီယံ တစ်ယောက် ရှိအောင် ဖြစ်ကြောင်း ၊ ကြိုးစားပြီး စုပေါင်း ညီညွတ်ပြီး လုပ်ပါက ဘာမဆို ဖြစ်နိုင်ကြောင်း သတင်းမီဒီယာများ နှင့် ပွဲအပြီး တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အောင်လအန်ဆန်းသည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲကို တစ်ကျော့ပြန် ပြန်လည် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး ပထမအကြိမ် က အင်ဒိုနီးရှား နိုင်ငံ၌ ယှဉ်ပြိုင်ရာတွင် ရှုံးနိမ့်ခဲ့သည့် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ် နှင့် မြန်မာနိုင်ငံ၌ ပြန်လည် ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပသည့် ONE:LIGHT OF A NATION ပြိုင်ပွဲတွင် MMA မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲစဉ် အပါအဝင် တွဲဆိုင်း ၉ ဆိုင်း ယှဉ်ပြိုင် ထိုးသတ်ခဲ့ကြသည်။

ယခု ကျင်းပပြုလုပ်သည့် ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲ သည် မြန်မာနိုင်ငံ၌ စတုတ္ထ အကြိမ်မြောက် ပြုလုပ်သော ပွဲစဉ် တစ်ခု ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.